အျမန္လြတ္ပါေစ ဝင္း န႔ဲ ေဇာ္

Screenshot_78.jpg

Zawgyi ျဖင့္ဖတ္ရန္

လိပ္ကၽြန္းအမႈ ထိုင္းအစိုးရေရွ႕ေနဘက္မွ သတ္မွတ္ရက္အတြင္း ေလွ်ာက္လဲေခ်ပခ်က္မတင္ျပႏိုင္
By နန္းျမနဒီ 26 December 2017
ထိုင္းေတာင္ပိုင္း ဆူရတ္ဌာနီခ႐ိုင္ ခိုေတာင္ လိပ္ကၽြန္းမွာ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္က ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတဲ့အမႈနဲ႔ ပတ္သက္ၿပီး ျမန္မာအလုပ္သမား လူငယ္ ၂ ဦး ေသဒဏ္အျပစ္ေပးခံထားရတာမွာ သက္ေသေတြယုတၱိမတန္တဲ့အတြက္ ျမန္မာလူငယ္ႏွစ္ဦး လြတ္ေျမာက္ေရး ျမန္မာသံ႐ုံးနဲ႔ လူမႈအဖြဲ႔အစည္းေတြက ႀကိဳးပမ္းေနပါတယ္။
တရားလိုဘက္က စြပ္စြဲခ်က္ သက္ေသမခိုင္လံုေၾကာင္း ျမန္မာႏိုင္ငံ ဥပေဒအၾကံေပး အရာရွိနဲ႔ ထိုင္း လူ႔ အခြင့္ အေရးေကာင္စီဘက္က အပိုဒ္ ၅ ပိုဒ္ ၊ အခ်က္ေပါင္း ၁၅ ခ်က္ ပါ စာမ်က္ႏွာေပါင္း ၃၁၉ မ်က္ႏွာကို ေထာက္ျပၿပီး ေကာ့ဆမြီခ႐ုိင္တရား႐ုံးကို တင္ထားခဲ့ရာမွာ တရားလိုဘက္မွ အစိုးရေရွ႕ေနေတြက အဆိုပါအခ်က္ေတြကို ျပန္လည္ခုခံေခ်ပ ေလွ်ာက္လဲ ခ်က္ေပး ရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ အစိုးရေရွ႔ေနဘက္က ေလွ်ာက္လဲေခ်ပခ်က္အဆင္မသင့္ေသးလို႔ဆိုၿပီး အယူခံ ရက္တိုးေပးဖို႔ ယခင္က ၃ ႀကိမ္ေတာင္းဆိုခဲ့ကာ ဒီဇင္ဘာ ၂၂ ရက္ရံုးခ်ိန္းမွာလည္း ၂၀၁၈ ဇန္န၀ါရီ ၂၃ ရက္ေန႔ထိ အယူခံတိုးေပးဖို႔ စတုတၳအႀကိမ္ေျမာက္ ထပ္မံေတာင္းဆိုခဲ့တယ္လို႔ ဒီအမႈမွာ လိုက္ပါကူညီေဆာင္ရြက္ေပးေနတဲ့ ေရွ႔ေန ဦးေအာင္မ်ိဳးသန္႔က ဒီဗြီဘီကို ေျပာပါတယ္။
“တာ၀န္ရွိတဲ့ အစိုးရေရွ႕ေနဘက္ကေနၿပီးေတာ့ ေလွ်ာက္လဲခ်က္တင္ဖို႔၊ အမွန္ကေတာ့ တင္ျဖစ္ေအာင္တင္ရမယ့္ အေနအထားပါ။ ဒီလိုအေနအထားမွာ အဆင့္ျမင့္ တရား႐ုံးမွာ အမွန္တရားကို ဆံုးျဖတ္ဖို႔ဆိုရင္ ႏွစ္ဘက္၊ ဒီဘက္က အယူခံေလွ်ာက္လႊာ၊ သူတို႔ဘက္ကတင္တဲ့ ေလွ်ာက္လဲခ်က္ ဒါကိုပူးေပါင္းၾကည့္ၿပီးေတာ့မွ မွ်တမွန္ကန္တယ္လို႔ ယူဆ မွာျဖစ္တဲ့ အတြက္ေၾကာင့္မို႔ သူတို႔ဘက္တင္မယ့္ ေလွ်ာက္လဲခ်က္ကို ေစာင့္ဆိုင္းေပးတယ္လို႔ဘဲ က်ေနာ္ျမင္ပါတယ္။ လာမယ့္လ ၂၃ ရက္ေန႔မွာေတာ့ တစံုတရာထူးျခားႏိုင္ပါတယ္။”
လူငယ္ႏွစ္ဦးဘက္က သက္ေသမခိုင္လံုေၾကာင္း သုံးသပ္တင္ျပထားတဲ့ ေနာက္ဆံုးဆင့္ အယူခံလႊာမွာ ဒီအန္ေအစစ္ေဆးရာမွာ ဥပေဒနည္းလမ္းမက်တာေတြ၊ သက္ေသခံပစၥည္း ျပည့္စံုေအာင္မသိမ္းဆည္းခဲ့တာ၊ သက္ေသခံပစၥည္းသိမ္းဆည္းရာမွာလည္း လုပ္ထံုးလုပ္နည္း နဲ႔ မညီညြတ္တာ စတဲ့အခ်က္ေတြ ပါ၀င္တယ္လို႔ ဆိုပါတယ္။
လူသတ္မႈနဲ႔ ႏြန္ထဘူရီခရိုင္ ဘန္ခြမ္အက်ဥ္းေထာင္မွာ က်ခံေနရတဲ့ ျမန္မာလူ ငယ္ႏွစ္ဦးျဖစ္တဲ့ ေဇာ္လင္း နဲ႔ ၀င္းေဇာ္ထြန္း တို႔ကိုေတာ့ ျမန္မာသံ႐ုံးတာ၀န္ရွိသူေတြက မၾကာမၾကာ သြားေရာက္ၾကည့္႐ႈ အားေပးခဲ့ၿပီး ေနာက္ဆံုးသြားေတြ႔တဲ့အေျခအေနမွာ ေဇာ္လင္း သြားအနည္းငယ္နာေနတာကလြဲလို႔ က်န္းမာေရးေကာင္းမြန္ေၾကာင္း ၊ ျပန္လႊတ္မယ့္ရက္ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ စိတ္ဓာတ္ခြန္ အားေကာင္းေနဆဲဘဲလို႔ ဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။
သူတို႔ ၂ ဦးဟာ လိပ္ကၽြန္းေပၚမွာ ၿဗိတိန္ႏိုင္ငံသားစံုတြဲ အသတ္ခံခဲ့ရတာနဲ႔ ပတ္သက္ၿပီး ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလဆန္းက အဖမ္းခံရကာ ၂၀၁၅ ဒီဇင္ဘာ ၂၄ ရက္မွာ ေသဒဏ္စီရင္ခံခဲ့ရတာေၾကာင့္ ဒီကေန႔ထိ အက်ဥ္းက်ေနတာ ၂ ႏွစ္ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။
Dvb

Unicode ဖြင့်ဖတ်ရန်

အမြန်လွတ်ပါစေ ဝင်း နဲ့ ဇော်
လိပ်ကျွန်းအမှု ထိုင်းအစိုးရရှေ့နေဘက်မှ သတ်မှတ်ရက်အတွင်း လျှောက်လဲချေပချက်မတင်ပြနိုင်
By နန်းမြနဒီ 26 December 2017
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ် ၂ ဦး သေဒဏ်အပြစ်ပေးခံထားရတာမှာ သက်သေတွေယုတ္တိမတန်တဲ့အတွက် မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး မြန်မာသံရုံးနဲ့ လူမှုအဖွဲ့အစည်းတွေက ကြိုးပမ်းနေပါတယ်။
တရားလိုဘက်က စွပ်စွဲချက် သက်သေမခိုင်လုံကြောင်း မြန်မာနိုင်ငံ ဥပဒေအကြံပေး အရာရှိနဲ့ ထိုင်း လူ့ အခွင့် အရေးကောင်စီဘက်က အပိုဒ် ၅ ပိုဒ် ၊ အချက်ပေါင်း ၁၅ ချက် ပါ စာမျက်နှာပေါင်း ၃၁၉ မျက်နှာကို ထောက်ပြပြီး ကော့ဆမွီခရိုင်တရားရုံးကို တင်ထားခဲ့ရာမှာ တရားလိုဘက်မှ အစိုးရရှေ့နေတွေက အဆိုပါအချက်တွေကို ပြန်လည်ခုခံချေပ လျှောက်လဲ ချက်ပေး ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရရှေ့နေဘက်က လျှောက်လဲချေပချက်အဆင်မသင့်သေးလို့ဆိုပြီး အယူခံ ရက်တိုးပေးဖို့ ယခင်က ၃ ကြိမ်တောင်းဆိုခဲ့ကာ ဒီဇင်ဘာ ၂၂ ရက်ရုံးချိန်းမှာလည်း ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့ထိ အယူခံတိုးပေးဖို့ စတုတ္ထအကြိမ်မြောက် ထပ်မံတောင်းဆိုခဲ့တယ်လို့ ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“တာဝန်ရှိတဲ့ အစိုးရရှေ့နေဘက်ကနေပြီးတော့ လျှောက်လဲချက်တင်ဖို့၊ အမှန်ကတော့ တင်ဖြစ်အောင်တင်ရမယ့် အနေအထားပါ။ ဒီလိုအနေအထားမှာ အဆင့်မြင့် တရားရုံးမှာ အမှန်တရားကို ဆုံးဖြတ်ဖို့ဆိုရင် နှစ်ဘက်၊ ဒီဘက်က အယူခံလျှောက်လွှာ၊ သူတို့ဘက်ကတင်တဲ့ လျှောက်လဲချက် ဒါကိုပူးပေါင်းကြည့်ပြီးတော့မှ မျှတမှန်ကန်တယ်လို့ ယူဆ မှာဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ဘက်တင်မယ့် လျှောက်လဲချက်ကို စောင့်ဆိုင်းပေးတယ်လို့ဘဲ ကျနော်မြင်ပါတယ်။ လာမယ့်လ ၂၃ ရက်နေ့မှာတော့ တစုံတရာထူးခြားနိုင်ပါတယ်။”
လူငယ်နှစ်ဦးဘက်က သက်သေမခိုင်လုံကြောင်း သုံးသပ်တင်ပြထားတဲ့ နောက်ဆုံးဆင့် အယူခံလွှာမှာ ဒီအန်အေစစ်ဆေးရာမှာ ဥပဒေနည်းလမ်းမကျတာတွေ၊ သက်သေခံပစ္စည်း ပြည့်စုံအောင်မသိမ်းဆည်းခဲ့တာ၊ သက်သေခံပစ္စည်းသိမ်းဆည်းရာမှာလည်း လုပ်ထုံးလုပ်နည်း နဲ့ မညီညွတ်တာ စတဲ့အချက်တွေ ပါ၀င်တယ်လို့ ဆိုပါတယ်။
လူသတ်မှုနဲ့ နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ကျခံနေရတဲ့ မြန်မာလူ ငယ်နှစ်ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ကိုတော့ မြန်မာသံရုံးတာဝန်ရှိသူတွေက မကြာမကြာ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး နောက်ဆုံးသွားတွေ့တဲ့အခြေအနေမှာ ဇော်လင်း သွားအနည်းငယ်နာနေတာကလွဲလို့ ကျန်းမာရေးကောင်းမွန်ကြောင်း ၊ ပြန်လွှတ်မယ့်ရက် မျှော်လင့်ချက်တွေနဲ့ စိတ်ဓာတ်ခွန် အားကောင်းနေဆဲဘဲလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
သူတို့ ၂ ဦးဟာ လိပ်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းက အဖမ်းခံရကာ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်စီရင်ခံခဲ့ရတာကြောင့် ဒီကနေ့ထိ အကျဉ်းကျနေတာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
Dvb

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top