လက္ရဲဇက္ရဲႏုိင္ခဲ့ၾကတဲ့ စုံတြဲတစ္တြဲရဲ႕ သမုိင္းဝင္ဇာတ္သိမ္းခန္း

Screenshot_343.jpg

Zawgyi ျဖင့္ဖတ္ရန္

 

အေမရိကန္ႏုိင္ငံမွာ လြန္ခဲ့တဲ့ (၈၅)ႏွစ္ေက်ာ္က တစ္ႏုိင္ငံလုံး အုန္းအုန္းက်က္က်က္ ျဖစ္ေစခဲ့သူႏွစ္ေယာက္ ရွိပါတယ္။ အဲဒီစုံတြဲဟာ လူသတ္၊ ဘဏ္ဓားျပတုိက္ရာမွာ ရက္စက္သလုိ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အလြန္ခ်စ္ခင္ၾကပါတယ္။ သူတုိ႔အခ်င္းခ်င္း ခ်စ္ခင္သေလာက္၊ သူတစ္ပါးအေပၚမွာ ရက္စက္ရာမွာေတာ့ ႏွစ္ေယာက္မရွိဘူးလုိ႔ ဆုိပါတယ္။


သူတုိ႔ႏွစ္ေယာက္ရဲ႕နာမည္ကေတာ့ Bonnie Parker နဲ႔ Clyde Barrow တုိ႔ျဖစ္ၿပီး သူတုိ႔ႏွစ္ေယာက္ဟာ ဘဏ္ေတြကို အႏုၾကမ္းဝင္စီးရာမွာနဲ႔ လူသတ္ရာမွာ အလြန္နာမည္ႀကီးပါတယ္။ ႏွစ္ေယာက္စလုံးဟာ ကားတစ္စီးနဲ႔ ဘဏ္ေတြကို လုိက္ဓားျပတုိက္ေလ့ရွိၿပီး၊ လမ္းမွာ တားဆီးပိတ္ပင္သူမွန္သမွ် ပစ္သတ္တာခ်ည္းပါဘဲ။
ထုိေခတ္ထုိအခါက ဆုိင္ေတြ၊ ေစ်းဆုိင္ေတြလည္း က်ီးလန္႔စာစားျဖစ္ၿပီး၊ ေန႔ဆုိလည္း ဆုိင္ရဲရဲမဖြင့္ရဲ၊ ညဆုိလည္း ထိတ္လန္႔ရနဲ႔ပါ။ Bonnie နဲ႔ Clyde တုိ႔ စုံတြဲဟာ ပစၥည္းမရဘူးဆုိရင္လည္း လူသတ္ဖုိ႔ ဝန္ေလးတဲ့သူေတြ မဟုတ္ပါဘူး။ ပစၥည္းလည္းရပါရဲ႕ ပစၥည္းရွင္က ကလန္ကဆန္လုပ္တယ္ဆုိရင္လည္း သတ္ပစ္တာပါဘဲ။


အရင္ကေတာ့ မ်က္ႏွာဖုံးစြပ္ျခင္းေတြ ဘာေတြ ရွိခဲ့ေပမယ့္ ေနာက္ေတာ့ မ်က္ႏွာဖုံးလည္း မစြပ္ေတာ့ဘဲ ေျပာင္ေျပာင္တင္းတင္း ဓားျပတုိက္လူသတ္မႈေတြ က်ဴးလြန္လာပါေတာ့တယ္။ အစုိးရကအစ လူထုရန္သူလုိ႔ သတ္မွတ္ခံထားရတဲ့ Bonnie နဲ႔ Clyde တုိ႔ဟာ သူတုိ႔လႊမ္းမုိးခဲ့တဲ့ ကာလကုိ Era of the US Great Depression လုိ႔ေတာင္ အမ်ားက တင္စားခဲ့ၾကပါတယ္။
Bonnie နဲ႔ Clyde တုိ႔ဟာ ကံေကာင္းလြန္းေနၿပီး ရဲတပ္ဖြဲ႕နဲ႔ မၾကာခဏ ထိပ္တုိက္ဆုံေတြ႕ကာ ေသနတ္ခ်င္းယွဥ္ပစ္ခဲ့ရေပမယ့္ သူတုိ႔ကို က်ည္ဆန္က ဆံခ်ည္တစ္မွ်င္ေတာင္ မထိခဲ့ပါဘူး။ အေမရိကန္ရပ္ရြာအေျချပဳ စစ္တပ္က Bonnie နဲ႔ Clyde တုိ႔ ရွိႏုိင္မယ့္ေနရာေတြကို စီးနင္းတုိက္ခုိက္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ပြတ္ကာသီကာ လြတ္သြားတာမ်ိဳး ခဏခဏ ျဖစ္ခဲ့ရပါတယ္။


ဒါေပမယ့္ Bonnie နဲ႔ Clyde တုိ႔ဟာ ၁၉၃၄ ခုႏွစ္မွာေတာ့ ကံမေကာင္းႏုိင္ၾကေတာ့ပါဘူး။ Bonnie နဲ႔ Clyde တုိ႔ဟာ ခုိးယူလာတဲ့ ကားနဲ႔ ဘဏ္တစ္ခုကို ဓားျပဝင္တုိက္စဥ္မွာ သတင္းအတိအက်ရတဲ့ ရဲတပ္ဖြဲ႕ကေစာင့္ၿပီး ပစ္ခတ္ႏွိမ္နင္းခဲ့ရာမွာေတာ့ ႏွစ္ေယာက္စလုံး ဒဏ္ရာဗရပြနဲ႔ အေသမလွ ျဖစ္ခဲ့ရပါတယ္။
ရဲတပ္ဖြဲ႕ဟာ (၂)မိနစ္အတြင္း္မွာပင္ က်ည္ဆံေပါင္း (၁၀၇)ေတာင့္အထိ Bonnie နဲ႔ Clyde တုိ႔စီးနင္းခဲ့တဲ့ ကားကုိ ခ်ိန္ရြယ္ပစ္ခတ္ခဲ့ၿပီး၊ ႏွစ္ေယာက္စလုံးမွာလည္း ေသနတ္ဒဏ္ရာပရဗြနဲ႔ လည္ပင္း၊ ဦးေခါင္း၊ မ်က္ႏွာ၊ ရင္ဘတ္ေတြမွာ မြစာက်ဲကုန္ပါေတာ့တယ္။ သူတုိ႔ေသဆုံးခ်ိန္မွာ Bonnie က (၂၄)ႏွစ္သာ ရွိေသးၿပီး၊ Clyde ကေတာ့ (၂၃)ႏွစ္သာရွိပါေသးတယ္။
အခုေဖာ္ျပထားတဲ့ ဓာတ္ပုံေတြဟာ ထုိေခတ္ထုိအခါ သတင္းမီဒီယာေတြမွာ ေဖာ္ျပခြင့္မရွိခဲ့တဲ့ ဓာတ္ပုံေတြျဖစ္ပါတယ္။ အခုမွ ရဲတပ္ဖြဲ႕က လူထုသိေအာင္ ျပန္လည္ျပသခဲ့တာ ျဖစ္ပါတယ္။ သူတုိ႔ကို သတ္ျဖတ္ႏုိင္ၿပီးေနာက္ အေမရိကန္အႏွံ႔ ေအာင္ပြဲေတြ ခံခဲ့ၾကသလုိ၊ သတ္ျဖတ္ႏုိင္ခဲ့တဲ့ ရဲေတြကိုလည္း ဆုလာဘ္ေတြ ခ်ီးေျမႇာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။
SM

Unicode ဖြင့်ဖတ်ရန်

ချစ်တတ်သလောက်၊ လက်ရဲဇက်ရဲနိုင်ခဲ့ကြတဲ့ စုံတွဲတစ်တွဲရဲ့ သမိုင်းဝင်ဇာတ်သိမ်းခန်း

အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ (၈၅)နှစ်ကျော်က တစ်နိုင်ငံလုံး အုန်းအုန်းကျက်ကျက် ဖြစ်စေခဲ့သူနှစ်ယောက် ရှိပါတယ်။ အဲဒီစုံတွဲဟာ လူသတ်၊ ဘဏ်ဓားပြတိုက်ရာမှာ ရက်စက်သလို တစ်ယောက်နဲ့တစ်ယောက်လည်း အလွန်ချစ်ခင်ကြပါတယ်။ သူတို့အချင်းချင်း ချစ်ခင်သလောက်၊ သူတစ်ပါးအပေါ်မှာ ရက်စက်ရာမှာတော့ နှစ်ယောက်မရှိဘူးလို့ ဆိုပါတယ်။
သူတို့နှစ်ယောက်ရဲ့နာမည်ကတော့ Bonnie Parker နဲ့ Clyde Barrow တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ဘဏ်တွေကို အနုကြမ်းဝင်စီးရာမှာနဲ့ လူသတ်ရာမှာ အလွန်နာမည်ကြီးပါတယ်။ နှစ်ယောက်စလုံးဟာ ကားတစ်စီးနဲ့ ဘဏ်တွေကို လိုက်ဓားပြတိုက်လေ့ရှိပြီး၊ လမ်းမှာ တားဆီးပိတ်ပင်သူမှန်သမျှ ပစ်သတ်တာချည်းပါဘဲ။
ထိုခေတ်ထိုအခါက ဆိုင်တွေ၊ စျေးဆိုင်တွေလည်း ကျီးလန့်စာစားဖြစ်ပြီး၊ နေ့ဆိုလည်း ဆိုင်ရဲရဲမဖွင့်ရဲ၊ ညဆိုလည်း ထိတ်လန့်ရနဲ့ပါ။ Bonnie နဲ့ Clyde တို့ စုံတွဲဟာ ပစ္စည်းမရဘူးဆိုရင်လည်း လူသတ်ဖို့ ဝန်လေးတဲ့သူတွေ မဟုတ်ပါဘူး။ ပစ္စည်းလည်းရပါရဲ့ ပစ္စည်းရှင်က ကလန်ကဆန်လုပ်တယ်ဆိုရင်လည်း သတ်ပစ်တာပါဘဲ။
အရင်ကတော့ မျက်နှာဖုံးစွပ်ခြင်းတွေ ဘာတွေ ရှိခဲ့ပေမယ့် နောက်တော့ မျက်နှာဖုံးလည်း မစွပ်တော့ဘဲ ပြောင်ပြောင်တင်းတင်း ဓားပြတိုက်လူသတ်မှုတွေ ကျူးလွန်လာပါတော့တယ်။ အစိုးရကအစ လူထုရန်သူလို့ သတ်မှတ်ခံထားရတဲ့ Bonnie နဲ့ Clyde တို့ဟာ သူတို့လွှမ်းမိုးခဲ့တဲ့ ကာလကို Era of the US Great Depression လို့တောင် အများက တင်စားခဲ့ကြပါတယ်။
Bonnie နဲ့ Clyde တို့ဟာ ကံကောင်းလွန်းနေပြီး ရဲတပ်ဖွဲ့နဲ့ မကြာခဏ ထိပ်တိုက်ဆုံတွေ့ကာ သေနတ်ချင်းယှဉ်ပစ်ခဲ့ရပေမယ့် သူတို့ကို ကျည်ဆန်က ဆံချည်တစ်မျှင်တောင် မထိခဲ့ပါဘူး။ အမေရိကန်ရပ်ရွာအခြေပြု စစ်တပ်က Bonnie နဲ့ Clyde တို့ ရှိနိုင်မယ့်နေရာတွေကို စီးနင်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ပွတ်ကာသီကာ လွတ်သွားတာမျိုး ခဏခဏ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် Bonnie နဲ့ Clyde တို့ဟာ ၁၉၃၄ ခုနှစ်မှာတော့ ကံမကောင်းနိုင်ကြတော့ပါဘူး။ Bonnie နဲ့ Clyde တို့ဟာ ခိုးယူလာတဲ့ ကားနဲ့ ဘဏ်တစ်ခုကို ဓားပြဝင်တိုက်စဉ်မှာ သတင်းအတိအကျရတဲ့ ရဲတပ်ဖွဲ့ကစောင့်ပြီး ပစ်ခတ်နှိမ်နင်းခဲ့ရာမှာတော့ နှစ်ယောက်စလုံး ဒဏ်ရာဗရပွနဲ့ အသေမလှ ဖြစ်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာ (၂)မိနစ်အတွင်း်မှာပင် ကျည်ဆံပေါင်း (၁၀၇)တောင့်အထိ Bonnie နဲ့ Clyde တို့စီးနင်းခဲ့တဲ့ ကားကို ချိန်ရွယ်ပစ်ခတ်ခဲ့ပြီး၊ နှစ်ယောက်စလုံးမှာလည်း သေနတ်ဒဏ်ရာပရဗွနဲ့ လည်ပင်း၊ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တွေမှာ မွစာကျဲကုန်ပါတော့တယ်။ သူတို့သေဆုံးချိန်မှာ Bonnie က (၂၄)နှစ်သာ ရှိသေးပြီး၊ Clyde ကတော့ (၂၃)နှစ်သာရှိပါသေးတယ်။
အခုဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ထိုခေတ်ထိုအခါ သတင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရှိခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ အခုမှ ရဲတပ်ဖွဲ့က လူထုသိအောင် ပြန်လည်ပြသခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို သတ်ဖြတ်နိုင်ပြီးနောက် အမေရိကန်အနှံ့ အောင်ပွဲတွေ ခံခဲ့ကြသလို၊ သတ်ဖြတ်နိုင်ခဲ့တဲ့ ရဲတွေကိုလည်း ဆုလာဘ်တွေ ချီးမြှောက်ခဲ့တယ်လို့ ဆိုပါတယ်။
SM

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top