Screenshot_322.jpg
Zawgyi ဖြင့်ဖတ်ရန်
သို့ /
ဦးခင်မောင်လတ်
ကျားနေအိုင့်ကျေးရွာ
မန္တွလေးတိုင်းဒေသကြီး
ဖုန်း 09774623714
Viber No 09972760169
(1)ဤနယ်မြေတွင်စစ်မှန်သော”သိက္ခာ(၃)ပါး၊ဝိပသနာတရား” ထွန်းကားပြန့်ပွားလာမည်ကိုမလိုလားကြသော “သာသနာတော်ကိုမှီခိုစားသောက်နေကြသည့်နယ်မြေခံ- လုပ်ဆောင်ပိုင်ခွင့်ရှိသည့်ပုဂ္ဂိုလ်အချို့”၏ပိတ်ပင်တားဆီးနှောက်ယှက်မှုကြောင့်၎င်း”။
(2)နယ်မြေသူ၊နယ်မြေသားအများစု၏ဆင်းရဲနွမ်းပါးမှုကြောင့်၎င်း။
**************************************************
(၃)သီလရှင်ယောဂီဆောင်။ (၁)ဆောင်
***********************************************************
(၁)ယောဂီဆောင်. (၄)ဆောင်
(၃)ဓမ္မာရုံကြီး. (၁)ဆောင်
——————————–
ဖုန်း. 09 774623714
Viber No 09972760169
သို့
ဒေါ်အောင်ဆန်းစုကြည်
————————————-
(၁)မန္တွလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျားနေအိုင့်ကျေးရွာနေကျွန်တော်တို့ဆွေမျိုးတစ်စုသည်၊ နယ်သူနယ်သား ရဟန်းရှင်လူပြည်သူအများတရားဘာဝနာများကို အဆင်ပြေအေးချမ်းစွာကျင့်ကြံပွားများအားထုတ်နိုင်ကြစေရေး”ဖားအောက်တောရဝိပသနာတရားရိပ်သာခွဲတစ်ခု”တည်ထောင်ရန်အတွက်မိမိတို့ပိုင်မြေယာများအား ဖားအောက်တောရရိပ်သာများ၏ပဓာနနာယကဆရာတော်ဘုရားကြီး၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဒေါက်တာဘဒ္ဒန္တအာစိဏဏ္ဍသို့ ၂၀၁၃ခုဖေဖော်ဝါရီလကပင်လှူဒါန်းထားခဲ့ပါသည်။
—ဟူ၍ဖြစ်ပါသည်။
( ဦးခင်မောင်လတ် )
ကျားနေအိုင့်ကျေးရွာ။
မန္တွလေးတိုင်းဒေသကြီး။
Khin Maung Latt
သို့
လေးစားစွာဖြင့်
( ဦးခင်မောင်လတ် )
ကျားနေအိုင့်ကျေးရွာ။
မန္တွလေးတိုင်းဒေသကြီး။
Khin Maung Latt
Unicode ဖြင့်ဖတ်ရန်
သို့ / ဥက္ကဌဆရာတော် ဘုရားကြီး နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သာသနာရေးဝန်ကြီးခင်ဗျား။
သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
————————————-
(၁)မန႖လေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျားနေအိုင့်ကျေးရွာနေကျွန်တော်တို့ဆွေမျိုးတစ်စုသည်၊ နယ်သူနယ်သား ရဟန်းရှင်လူပြည်သူအများတရားဘာဝနာများကို အဆင်ပြေအေးချမ်းစွာကျင့်ကြံပွားများအားထုတ်နိုင်ကြစေရေး”ဖားအောက်တောရဝိပသနာတရားရိပ်သာခွဲတစ်ခု”တည်ထောင်ရန်အတွက်မိမိတို့ပိုင်မြေယာများအား ဖားအောက်တောရရိပ်သာများ၏ပဓာနနာယကဆရာတော်ဘုရားကြီး၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဒေါက်တာဘဒ္ဒန္တအာစိဏဏ္ဍသို့ ၂၀၁၃ခုဖေဖော်ဝါရီလကပင်လှူဒါန်းထားခဲ့ပါသည်။
(၂)ထိုမြေများပေါ်တွင်တရားရိပ်သာကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်ပြုပါရန်ကျေးရွာနှင့်နယ်မြေသံဃာဂိုဏ်းမှသံဃာများအား ကျေးရွာအုပ်ချုပ်ရေး၊ ရပ်မိရပ်ဖ၊ ကျေးရွာလူငယ်အဖွဲ့၊ မြေနှင့်သာသနိကအဆောက်အဦးအလှူရှင်များကိုယ်စားပြုပုဂ္ဂိုလ်များမှ အကြိမ်များစွာတောင်းပန်တိုးလျိုးလျှောက်ထားလာခဲ့ကြသည်မှာ(၅) နှစ်တာကာလကျော်လွန်ခဲ့ပြီဖြစ်သော်လည်းနယ်မြေနှင့်ကျေးရွာအုပ်စုသံဃာများမှခွင့်ပြုချက်မပေးသေးပါ။ ၂၀၁၇ခုဇွန်လနှင့်ဇူလိုင်လအတွင်းမှာပင်(၁၅ ကြိမ်တိုင်သွားရောက်လျောက်ထားတောင်းပန်ခဲ့သော်လဲခွင့်ပြုချက်မပေးသးပါ။
(၃)၂၀၁၇ခုဇူလိုင်လ(၂ ရက်နေ့ကနောက်ဆုံးအကြိမ်ကျေးရွာကိုယ်စားပြုအဖွဲ့မှသွားရောက်လျောက်ထားတောင်းပန်ခဲ့ကြရာ၌ ရွာဦးကျောင်းဆရာတော်ဦးအာလောကနှင့်ရှားတောကျောင်းဆရာတော်ဦးစက္ကိန္ဒတို့မှအောက်ပါအတိုင်းပြန်ကြားခဲ့ပါသည်။
**တရားရိပ်သာကိစ္စနှင့်ပတ်သက်၍သူတို့ကျောင်းများသို့နောက်ထပ်မံမလာကြတော့ရန်။
**တရားရိပ်သာကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းအားသဘောတူကန့်ကွက်ရန်မရှိကြောင်းလက်မှတ်ရေးထိုးပေးခြင်းမပြုန်ုင်။
**သူတို့သဘောမတူဘဲမင်းတို့ရိပ်သာတရားဝင်ဖွင့်လို့ရ/မရသိချင်ရင်ကြိုးစားကြည့်ကြပေါ့။
**တရားရိပ်သာတွင်၊ ရဟန်း၊ သာမနေ၊ သီလရှင်များအမြဲနေထိုင်သီတင်းသုံးခွင့်မပြု။
**တရားရိပ်သာမြေနှင့်ဆောက်လုပ်ပြီးသာသနိကအဆောက်အဦးများအားရွာဦးကျောင်းဆရာတော်ဦးအာလောက၏အုပ်ချုပ်မှုအောက်တွင်ထားရှိရန်။
—ဟူ၍ဖြစ်ပါသည်။
**အထက်ပါဖြစ်ရပ်များကြောင့်ကျေးရွာသူရွာသားများစိတ်မချမ်းသာဖြစ်နေကြရပါသည်။
(၄)သို့ဖြစ်ပါ၍ဆိုင်ရာ သံဃာအဖွဲ့အစည်းနှင့်အစိုးရအဖွဲ့အစည်းများကိုယ်တိုင်ကျေးရွာသို့ကွင်းဆင်းစစ်ဆေး၍”သာသနာတော်သန့်ရှင်းရေး”ဆောင်ရွက်ပေးပါရန်လေးစားစွာတင်ပြအပ်ပါသည်။
( ဦးခင်မောင်လတ် )
ကျားနေအိုင့်ကျေးရွာ။
ကျောက်ပန်းတောင်းမြို့နယ်။
မန႖လေးတိုင်းဒေသကြီး။
Khin Maung Latt
သို့
သာသနာရေးဝန်ကြီးခင်ဗျား။
အကြောင်းအရာ။ ။ ဝိပသနာတရားရိပ်သာတည်ထောင်ခြင်းအားခွင့်မပြုသည့်ကိစ္စ။
(၁) ကျွန်တော်တို့ဆွေမျိုးတစ်စုသည် နယ်သူနယ်သားရဟန်းရှင်လူပြည်သူအများ ဝိပသနာတရားများကိုအေးချမ်းစွာအားထုတ်နိုင်ရးအတွက် “ကျေးရွာတွင်ဖားအောက်တောရဝိပသနာကမ္မဌာန်းရိပ်သာခွဲ “တစ်ခုတည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက်မိမိတို့ပိုင်မြေယာများကို ဖားအောက်တောရရိပ်သာများ၏ ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တအာစိဏ္ဏအား၂၀၁၃ခုဖေဖော်ဝါရီလကတည်းကပင်လှူဒါန်းထားခဲ့ပါသည်။
(၂)ထိုမြေပေါ်တွင် ဝိပသနာတရားရိပ်သာတည်ထောင်ခွင့်ပြုပါရန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖ၊ လူငယ်အဖွဲ့၊ မြေနှင့်သာသနိက အဆောက်အဦးအလှူရှင်များကိုယ်စားပြုအဖွဲ့တို့မှကိုယ်စားပြုပုဂ္ဂိုလ်များမှကျေးရွာအုပ်စုသံဃာများနှင့်နယ်မြေခံသံဃာဂိုဏ်းအား အကြိမ်များစွာလျှောက်ထားတောင်းပန်လာခဲ့သော်လဲ(၅)နှစ်ကျော်ကြာကာလတိုင်ပြီဖြစ်သော်လဲခွင့်ပြုချက်မပေးသေးပါခင်ဗျား။ယခုနှစ်ဇွန်၊ဇူလိုင်လအတွင်းမှာပင်(၁၅)ကြိမ်ရှိပြီဖြစ်သော်လဲယနေ့အထိခွင့်ပြုချက်မပေးပါခင်ဗျား။
၀၂ – ၀၇ – ၂၀၁၇နေ့ကလဲကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖ၊ လူငယ်အဖွဲ့၊ မြေနှင့်သာသနိကအဆောက်အဦး အလှူရှင်များကိုယ်စားပြုအဖွဲ့တို့မှ သွားရောက်လျှောက်ထားတောင်းပန်ခဲ့ရာကျားနေအိုင့်ရွာဦးကျောင်းဆရာတော်ဦးအာလောက၊ နှင့်ရှားတောကျောင်းဆရာတော်ဦးစက္ကိန္ဒတို့မှအောက်ပါအတိုင်းပြန်ကြားခဲ့ပါသည် ခင်ဗျား။
**တရားရိပ်သာကိစ္စနှင့်ပတ်သက်၍သူတို့ကျောင်းများသို့နောက်ထပ်မလာကြတော့ရန်။
**တရားရိပ်သာကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းကိုသဘောတူကန့်ကွက်ရန်မရှိကြောင်းလက်မှတ်ရေးထိုးပေးခြင်းမပြုနိုင်။
**သူတို့သဘောမတူဘဲတရားရိပ်သာကိုတရားဝင်ဖြစ်အောင်လုပ်လို့ရလျင်လုပ်ကြည့်ကြပေါ့။
**တရားရိပ်သာတွင် ရဟန်း၊ သာမနေ၊ သီလရှင်များအမြဲနေထိုင်သီတင်းသုံးခွင့်မပြု။
**တရားရိပ်သာအားသူတို့၏လက်အောက်ခံကျောင်းခွဲအဖြစ်လွှဲအပ်ရန်။
**တရားရိပ်သာအမြဲတန်းဖွင့်လှစ်ခွင့်ပြုရေးအတွက်ဘယ်ဆရာတော်ကြီး၊ ဘယ်အဖွဲ့အစည်းကြီး၊ ဘယ်ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင်လာရောက်ပြောဆိုသည်ဖြစ်စေ၊ သူတို့သံဃာအဖွဲ့အစည်း၏သဘောထားရပ်တည်ချက်မပြောင်းလဲနိုင်ပါ။–ဟူ၍ဖြစ်ပါသည်ခင်ဗျား။
**အထက်ပါဖြစ်ရပ်များကြောင့်ကျေးရွာသူရွာသားအများစိတ်မချမ်းမသာကြီးစွာဖြစ်နေကြရပါသည်။
**ထို့ကြောင့်တာဝန်ရှိသံဃာအဖွဲ့အစည်းနှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများကိုယ်တိုင်ကျေးရွာသို့လာရောက်ကွင်းဆင်းစစ်ဆေး၍အရေးယူဆောင်ရွက်ခါ”သာသနာတော်သန့်ရှင်းရေး”ပြုလုပ်ပေးပါရန်လေးစားစွာတင်ပြအပ်ပါသည်ခင်ဗျား။
လေးစားစွာဖြင့်
( ဦးခင်မောင်လတ် )
ကျားနေအိုင့်ကျေးရွာ။
ကျောက်ပန်းတောင်းမြို့နယ်။
မန႖လေးတိုင်းဒေသကြီး။
Khin Maung Latt
သို့ /
ဥက္ကဌဆရာတော်ဘုရားကြီး
နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့
ဘုရားတပည့်တော်ခြေတော်အစုံဦးခိုက်၍ရိုသေလေးမြတ်စွာ
လျောက်ထားတင်ပြအပ်ပါသည်ဘုရား။
(၁)တပည့်တော်တို့ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရွာပေါင်း(၃၀)ကျော်၌ဝိပသနာကမ္မဌာန်းရိပ်သာတစ်ခုမျှပင်မရှိကြသေးပါအရှင်ဘုရား။
(၂)ထို့ကြောင့် နယ်သူနယ်သားရဟန်းရှင်လူပြည်သူအများတို့ ဝိပသနာတရားများကိုအဆင်ပြေလွယ်ကူစွာ အားထုတ်နိုင်ကြရေးအတွက် “ဖားအောက်တောရဝိပသနာကမ္မဌာန်းရိပ်သာခွဲတစ်ခု”တည်ထောင်နိုင်ရန်အလို့ငှာ၊၆ မိမိတို့ပိုင်မြေယာများအား ဖားအောက်တောရတရားရိပ်သာများ၏ ပဓာနနာယကဆရာတော်ဘုရားကြီး “အဂ္ဂမဟာကမ္မဌာနာစရိယ၊ဒေါက်တာ၊ ဘဒ္ဒန္တအာစိဏ္ဏထံသို့” ၂၀၁၃ခုဖေဖော်ဝါရီလကပင်၊ နယ်မြေခံသံဃာများ၊ကျေးရွာအုပ်စုသံဃာများနှင့်အများပြည်သူတို့၏ ရှေ့မှောက်တွင်လှူဒါန်းခဲ့ပါသည်။
(၃)ထိုမြေပေါ်တွင်”ဝိပသနာကမ္မဌာန်းရိပ်သာတစ်ခုတည်ထောင်ခွင့်ပြုတော်မူပါရန် “ကျေးရွာအုပ်ချုပ်ရေး၊ ရပ်မိရပ်ဖ၊ လူငယ်အဖွဲ့၊ မြေနှင့်သာသနိကအဆောက်အဦးအလှူရှင်ကိုယ်စားပြုသူများ”တို့မှ နယ်မြေခံသံဃာများနှင့်ကျေးရွာသံဃာများသို့ ၂၀၁၂ခုနှောင်းပိုင်းမှ သည်ယခု အချိန်အထိ အကြိမ်များစွာလျောက်ထားတောင်းပန်လာခဲ့ကြသည်မှာ (၅)နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လဲ၊မည်သည့်အကြောင်းပြချက်မှမရှိဘဲခွင့်ပြုချက်ပေးရန်ငြင်းဆန်နေကြပါသည်အရှင်ဘုရား။
(၄)၂၀၁၇ခုဇွန်လနှင့်ဇူလိုင်လအတွင်းမှာပင်ကျားနေအိုင့်ရွာဦးကျောင်းဆရာတော်ဦးအာလောကနှင့်ကျားနေအိုင့်ရွာရှားတောကျောင်းဆရာတော်ဦးစက္ကိန္ဒတို့ထံသို့(၁၅)ကြိမ်တိတိသွားရောက်လျောက်ထားတောင်းပန်ခဲ့ကြရာ၌ ၀၂ – ၀၇ – ၂၀၁၇နေ့တွင်ထိုဆရာတော်(၂)ပါးမှအောက်ပါအတိုင်းပြန်ကြားခဲ့ပါသည်အရှင်သူမြတ်ဘုရား။
**တရားရိပ်သာကိစ္စနှင့်ပတ်သက်၍သူတို့ကျောင်းများသို့နောက်ထပ်မလာ ကြတော့ရန်။
**တရားရိပ်သာကျောင်းတည်ထောင်ခြင်းနှင့်ပတ်သက်၍သဘောတူကန့်ကွက်ရန်မရှိကြောင်းလက်မှတ်ရေးထိုးပေးခြင်းမပြုနိုင်။
**သူတို့သဘောမတူဘဲမင်းတို့တရားရိပ်သာဖွင့်လို့ရမယ်ထင်ရင်လုပ်ကြည့်ပါ။
**တရားရိပ်သာတွင် ရဟန်း၊ သာမနေ၊ သီလရှင်များအမြဲနေထိုင်သီတင်းသုံးခွင့်မပြုနိုင်။
**တရားရိပ်သာအတွင်းရှိတည်ဆောက်ပြီးအဆောက်အဦးများအား ရွာဦးကျောင်းဆရာတော်ဦးအာလောကသို့လွှဲပြောင်းပေးအပ်ရန်။
**တရားရိပ်သာဖွင့်လှစ်ခွင့်ပြုရေး၊ ဘယ်ဆရာတော်ကြီး၊ ဘယ်အဖွဲ့အစည်းကြီး၊ ဘယ်ပုဂ္ဂိုလ်ကြီးတွေလာ၍ပြောသည်ဖြစ်စေသူတို့၏သဘောထားရပ်တည်ချက်မပြောင်းနိုင်-ဟူ၍ဖြစ်ပါသည်အရှင်ဘုရား။
**အထက်ပါကိစ္စနှင့်ပတ်သက်၍ကျေးရွာပြည်သူအများစိတ်မချမ်းမသာဖြစ်နေကြရပါသည်အရှင်သူမြတ်ဘုရား။
**သို့ဖြစ်ပါ၍သာသနာဝန်ထမ်းရှင်ရဟန်းဖြစ်ပါလျက်—
—သာသနာတော်၏တာဝန်လဲမကြေပွန်။
—ကိုယ်တိုင်လည်းရဟန်းတရားကိုအားထုတ်ခြင်းမပြု။
—ဆွမ်းခံရွာဒကာ ဒကာမတို့၏အပေါ်၌ရဟန်းဝတ္တရားလဲမကြေပွန်သည့် ထိုရဟန်းများအားတာဝန်ရှိသံဃာနှင့်အစိုးရအဖွဲ့ အစည်းများကိုယ်တိုင်ကျေးရွာသို့ကွင်းဆင်းစစ်ဆေး၍သာသနာတော်သန့်ရှင်းရေးဆောင်ရွက်ပေးပါရန် ဘုရားတပည့်တော်ခြေတော်အစုံဦးတိုက်၍ ရိုသေလေးမြန်စွာ လျှောက်ထားတောင်းပန်အပ်ပါသည်ဆရာတော်အရှင်သူမြတ်ကြီးဘုရာယ။
ဦးခင်မောင်လတ်
ကျားနေအိုင့်ကျေးရွာ
ကျောက်ပန်းတောင်းမြို့နယ်
မန႖လေးတိုင်းဒေသကြီး
ဖုန်း 09774623714
Viber No 09972760169
Facebook username ” Khin Maung Latt ”
နှောက်ယှက်ဖျက်ဆီးမှုများကြားမှပဋိပတ္တိသာသနာ(ဝိပဿနာ)ပြန့်ပွားရေးလုပ်ငန်း။
(ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ရောင်ဝါနေသို့လင်းစေသောဝ်)
(1)ဤနယ်မြေတွင်စစ်မှန်သော”သိက္ခာ(၃)ပါး၊ဝိပသနာတရား” ထွန်းကားပြန့်ပွားလာမည်ကိုမလိုလားကြသော “သာသနာတော်ကိုမှီခိုစားသောက်နေကြသည့်နယ်မြေခံ- လုပ်ဆောင်ပိုင်ခွင့်ရှိသည့်ပုဂ္ဂိုလ်အချို့”၏ပိတ်ပင်တားဆီးနှောက်ယှက်မှုကြောင့်၄င်း”။
(ထိုလုပ်ဆောင်ပိုင်ခွင့်ရှိပုဂ္ဂိုလ်တို့ကပင်တရားရိပ်သာကိုတရားဝင်အမည်ပေါက်ဖွင့်လှစ်ခွင့်မရနိုင်စေရန် ရည်ရွယ်ချက်ထား၍နည်းမျိုးစုံဖြင့်ပိတ်ပင်တားဆီးနှောက်ယှက်နေဆဲဖြစ်ပါသည်။)
(2)နယ်မြေသူ၊နယ်မြေသားအများစု၏ဆင်းရဲနွမ်းပါးမှုကြောင့်၄င်း။
၂၀၁၅ခုနှစ်ဆန်းပိုင်းမှစတင်တည်ဆောက်ခဲ့ သော်လည်းယခုအချိန်ထိဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ၊ စုပေါင်းတရားထိုင်ခြင်း၊ တန်ခူးလ(၁၀)ရက်တရားစခန်းပွဲများပြုလုပ်ခြင်းတို့ကိုသာ ဆောင်ရွက်နိုင်ပါသေးသည်။
(3)မည်သို့သောအခက်အခဲများကိုကြုံတွေ့ရသည်ဖြစ်စေ၊ အကျိုးတော်ဆောင်အဖွဲ့အနေဖြင့်ဝိပသနာဘာဝနာပြန့်ပွားရေး၊သာသနာတော် အကျိုးအတွက်လုပ်ဆောင်သင့်သည်များအားတစ်စိုက်မတ်မတ်ဆက်လက် လုပ်ဆောင်သွားမည်သာဖြစ်ပါသည်။
(4)သို့ဖြစ်ပါ၍တရားရိပ်သာအားယောဂီ(၂၀၀)ဝန်းကျင်ခန့်သီတင်းသုံး၍ ဝိပသနာတရားကျင့်ကြံပွားများအားထုတ်နိုင်သည့် အမြဲတန်းထာဝရတရားရိပ်သာကြီးအဖြစ် အမြန်ဆုံးစတင်ဖွင့်လှစ်နိုင်ရန်အတွက်ထပ်မံတည်ဆောက်ရန်နှင့် လက်စသတ်ပြီးစီးရန်ကျန်ရှိနေသေးသော အောက်ပါသာသနိကအဆောက်အဦးများအတွက်၊ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ မိမိတို့စွမ်းဆောင်နိုင်သမျှပါဝင်လှူဒါန်းကြ၍ ဓမ္မဒါနပါရမီကုသိုလ်ထူးကြီးကိုလက်ဝယ်ပိုင်ပိုင်ဆွတ်ခူးရယူနိုင်ကြပါစေကြောင်း၊ နိဗ္ဗာန်အကျိုးမျှော်၍တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။
(A)ထပ်မံတည်ဆောက်ရန်ကျန်ရှိနေသောအဆောက်အဦးများ
**************************************************
(၁)ရိပ်သာနာယကဆရာတော်စံကျောင်း။ (၁)ဆောင်
(၂)ရဟန်း၊ သာမနေ၊ ယောဂီဆောင်။ (၁)ဆောင်
(၃)သီလရှင်ယောဂီဆောင်။ (၁)ဆောင်
(၄)အမျိုးသမီးယောဂီဆောင်. (၁)ဆောင်
(၅)တစ်ပါးနေကမ္မဌာန်းကျောင်းငယ်များ။ ————–
(၆)ရေလောင်းအိမ်သာ. (၆)လုံး
(၇)ရေချိုးလျှော်ဖွတ်ရေကန်. (၃)ကန်
(၈)အဆောက်အဦးတစ်ခုချင်းစီအတွက်ညအလင်းရောင်ပေးရန် ဆိုလာပြား၊ဘက်ထရီအိုး၊LEDမီးချောင်းများနှင့်ဝါယာကြိုးဆက်သွယ်မှုဆားကစ်များ
(၉)ရေဖြန့်ဖြူးရေးပိုက်လိုင်းများ။ ———————
(B)အချောကိုင်မွန်းမံလက်စသတ်ပြီးစီးရန်ကျန်ရှိနေသောအဆောက်အဦးများ
***********************************************************
(၁)ယောဂီဆောင်. (၄)ဆောင်
(၂)ဆွမ်းစားဆောင်. (၁)ဆောင်
(၃)ဓမ္မာရုံကြီး. (၁)ဆောင်
(၄)ဆွမ်းချက်+စတိုဆောင်. (၁)ဆောင်
ဆက်သွယ်စုံစမ်းမေးမြန်ရန်
——————————–
ဦးခင်မောင်လတ် (ဥက္ကဌ )၊ သာသနနုဂ္ဂဟအဖွဲ့၊
ဖုန်း. 09 774623714
Viber No 09972760169
Facebook username ” Khin Maung Latt”
အချက်အလက်များတိကျမှန်ကန်မှုအတွက်တာဝန်ယူပါတယ်။အချိန်မရွေးကျေးရွာသို့လာရောက်စစ်ဆေးနိုင်ပါတယ်။
မှတ်ချက်။ ။ Facebook username ” Khin Maung Latt” ဦးခင်မောင်လတ် (ဥက္ကဌ )၊ သာသနနုဂ္ဂဟအဖွဲ့ မှ ApannPyay ထံတွင် အကူအညီတောင်ခံ ပေးပို့သည့် အတိုင်း ပြင်ဆင်ခြင်း မရှိ ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
scroll to top