ျမန္မာ့ေဘာလံုးရဲ႕ အျမင့္ပ်ံငွက္ ေအာင္သူ

Screenshot_65-1.jpg

Zawgyi ျဖင့္ဖတ္ရန္

ျမန္မာ့ေဘာလံုးရဲ႕ အျမင့္ပ်ံငွက္

လီယြန္နယ္မက္ဆီကို အားက်သည့္ အညာေျမဖြား လူငယ္ေဘာလံုးသမားတစ္ဦးသည္ စိန္ေခၚမႈ အသစ္မ်ားကို ထိပ္တိုက္ရင္ဆုိင္ရေတာ့မည္ျဖစ္သည္။ အာဆီယံေဒသအတြင္း ေျခစြမ္းအေကာင္းဆံုး ေဘာလံုးသမားမ်ားႏွင့္ ရင္ ဆုိင္ရန္ ျမန္မာ့ေဘာလံုး၏ အ ထြန္းေတာက္ဆံုး ၾကယ္ပြင့္သည္ ထိုင္း လိဂ္-၁ သို႔ သြားေရာက္ ကစားမည္ျဖစ္သည္။ ထိုင္း ကလပ္ Police Tero အသင္းက ေက်ာနံပါတ္ (၁၀)ကို ေပးထား ျခင္းက သူ႔ေျခစြမ္းအေပၚ အသင္း က မည္မွ်ေမွ်ာ္လင့္ထားေၾကာင္း ေပၚလြင္ေစသည္။

‘‘ကြၽန္ေတာ့္ အိပ္မက္ေတြ တကယ္ျဖစ္လာပါၿပီ’’ဟု ျမန္မာ လိဂ္ အေကာင္းဆံုး သံုးႏွစ္ဆက္ ဆုရွင္ ေအာင္သူက ေျပာသည္။
ျမန္မာ့ေဘာလံုး အကယ္ဒမီ (မႏၲေလး)ထြက္ လူငယ္တစ္ဦး သည္ ျပည္တြင္းကလပ္ ရတနာပံု အသင္းတြင္ ကစားေနရာမွ ထိုင္း ႏုိင္ငံ၏ အဆင့္ျမင့္ဆံုးလိဂ္ျဖစ္ သည့္ ထိုင္း လိဂ္-၁ ၿပိဳင္ပြဲသို႔ သြားေရာက္ကစားခြင့္ရရွိၿပီျဖစ္သည္။
၂၀၁၅ ယူ-၂၀ ကမၻာ့ဖလား ၿပိဳင္ပြဲဝင္ ျမန္မာအသင္း၌ ေျခစြမ္းျပၿပီးေနာက္ ကစားသမားဘဝတိုး တက္မႈအတြက္ႏွင့္ ေနာင္တက္လာမည့္ မ်ိဳးဆက္သစ္ကစား သမားေလးမ်ား လမ္းေၾကာင္းပြင့္လာရန္ ျပည္ပထြက္ကစားခ်င္ ေၾကာင္း ေျပာခဲ့သည့္ ေအာင္သူ၏အိပ္မက္မ်ားသည္ ၂ ႏွစ္အၾကာ တြင္ တကယ္ျဖစ္လာသည္။
မိတၳီလာၿမိဳ႕ ပင္တလဲရြာ ေလးတြင္ ေမြးဖြားခဲ့သည့္ လူငယ္ ေလးတစ္ဦးသည္ ၂၀၀၉ အသက္ (၁၃)ႏွစ္အရြယ္၌ မႏၲေလးေဘာ လံုး အကယ္ဒမီသို႔ အခက္အခဲ အ မ်ိဳးမ်ိဳးၾကားမွ မိသားစုအေထာက္ အပံ့အားနည္းစြာျဖင့္ တက္ေရာက္ရေသာ္လည္း လက္ရွိ အသက္(၂၁)ႏွစ္တြင္ လစာအေကာင္းဆံုး ျမန္မာလူငယ္ ေဘာလံုးသမားျဖစ္ လာေတာ့မည္ျဖစ္သည္။
‘‘ကြၽန္ေတာ္ အရင္ကတည္း က ျပည္ပထြက္ကစားခ်င္တဲ့ အိပ္ မက္ရွိပါတယ္။ ဒါက ကြၽန္ေတာ့္ ကစားသမားဘဝတိုးတက္ဖို႔ဆို တာအျပင္ ေနာက္လူငယ္ေတြအ တြက္လည္း လမ္းေၾကာင္း ေဖာက္ခ်င္တာပါ။ အရင္လို နယ္ကလာ တဲ့ လူငယ္ေတြဆုိရင္ ျပည္ပထြက္ ဖို႔မေျပာနဲ႔ ရန္ကုန္လာဖို႔ကို ရွိန္ တယ္။ တကယ္တမ္း ကိုယ္ဝါ သနာပါတယ္။ ႐ူးသြပ္တယ္။ ႀကိဳးစားမယ္ဆုိရင္ေတာ့ ဘာမဆုိျဖစ္ ႏိုင္ပါတယ္။ ျပည္ပေရာက္တဲ့အ ခ်ိန္မွာ သူတုိ႔ဆီက ေဘာလံုးပညာ ေတြ သင္ယူမယ္။ သင္ခန္းစာေတြ ယူမယ္။ ႏိုင္ငံအတြက္ ျပန္ကစား ရတဲ့အခ်ိန္မွာ အက်ိဳးရွိေအာင္ ျပန္အသံုးခ်ပါမယ္’’ဟု ေအာင္သူ က သူ၏ ဘဝရည္မွန္းခ်က္ကို ေျပာသည္။
တိုက္စစ္မွဴး ေအာင္သူႏွင့္ ထိုင္းပရိသတ္မိတ္ဆက္ပြဲကို ႏိုဝင္ဘာ ၃၀ ရက္တြင္ ဘန္ေကာက္ၿမိဳ႕ ၌ ျပဳလုပ္မည္ျဖစ္သည္။ ေအာင္သူကို တစ္ႏွစ္အငွားေခၚယူခဲ့သည့္ Police Tero ကလပ္အသင္းက ၎အတြက္ ေနထိုင္ေရးပါ စီစဥ္ ေပးမည့္အျပင္ တစ္လကန္ေဒၚ လာ ၇,၀၀၀ (က်ပ္သိန္း ၉၀ ေက်ာ္)ေပးမည္ျဖစ္သည္။ ထိုင္း လိဂ္-၁ တြင္ ၀င္ေရာက္ကစားခြင့္ရရွိျခင္းက ေအာင္သူအတြက္ အခြင့္အေရး ေကာင္းတစ္ခုျဖစ္သလို ယင္းအခြင့္အေရးကို မည္မွ်ထိ လုပ္ျပႏိုင္မလဲဆုိသည္ကလည္း အေရးပါသည့္ အေၾကာင္းအရာျဖစ္လာ သည္။
လူငယ္တိုက္စစ္မွဴး ေအာင္ သူသည္ လူငယ္အဆင့္တြင္သာ မက ယူ-၂၃ အသင္းႏွင့္ ဆီးဂိမ္း ၿပိဳင္ပြဲ၊ လက္ေရြးစင္အသင္းႀကီး၌ လည္း ဆူဇူကီးၿပိဳင္ပြဲ၊ အာရွဖလားေျခစစ္ပြဲတုိ႔တြင္ သြင္းဂိုးမ်ားျဖင့္ အရည္အေသြး အႀကိမ္ႀကိမ္ ျပသခဲ့သည္။ ၂၀၁၅ အာဆီယံ အေကာင္းဆံုး လူငယ္ကစားသမားဆုႏွင့္ ၂၀၁၅ မွ ၂၀၁၇ အထိျမန္မာလိဂ္အေကာင္းဆံုးကစားသမားဆုကို သံုးႏွစ္ဆက္ ဆြတ္ခူးကာ ေအာင္ျမင္မႈ မွတ္ေက်ာက္တင္ခဲ့သည္။
ေအာင္သူအေနျဖင့္ အေရွ႕ ေတာင္အာရွ၏ အဆင့္ျမင့္လိဂ္ ျဖစ္သည့္ ထိုင္း လိဂ္-၁ သို႔ ေျပာင္းေရႊ႕ကစားခြင့္ရ၍ ဂုဏ္ယူမိ ေၾကာင္း ျမန္မာႏုိင္ငံေဘာလံုး အဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ၂၀၁၇ ျမန္မာလိဂ္ အေကာင္းဆံုး ဆုေပးပြဲတြင္ ေအာင္သူကို ခ်ီး က်ဴးေျပာၾကားသည္။
‘‘ေအာင္သူ႔အတြက္ တကယ္ဂုဏ္ယူမိပါတယ္။ သူ႔ဘဝရပ္ တည္ဖို႔အတြက္ ဘဝအာမခံခ်က္ တစ္္ခု ရရွိလာပါၿပီ။ ေဘာလံုးက အခုဆုိ အေပ်ာ္တမ္းအားကစား နည္းမဟုတ္ေတာ့ပါဘူး။ အသက္ေမြးဝမ္းေက်ာင္းတစ္ခုအေနနဲ႔ ရပ္တည္ႏုိင္ပါၿပီ။ အာဖရိကလို ႏိုင္ငံ မွာေတာင္ သူတုိ႔ဆီက ပေရာ္ဖက္ ရွင္နယ္ ကစားသမားေတြက ဥေရာပထိ ထြက္ကစားေနပါၿပီ။ သူတုိ႔ႏုိင္ငံမွာ လက္ေရြးစင္အျဖစ္ ကစားတဲ့အခါ ပိုေကာင္းလာတဲ့ အတြက္ အာဖရိကအသင္းေတြ ေနာက္ပိုင္း ေအာင္ျမင္လာတာ ပါ။ ဒါေပမဲ့ ကြၽန္ေတာ္တုိ႔ဆီက ကစားသမားေတြ ပေရာ္ဖက္ရွင္ နယ္ျဖစ္ဖို႔ေတာ့ လိုပါတယ္။ ကိုယ္တုိင္ေလ့က်င့္မႈေတြ ျပဳလုပ္ရမွာ ျဖစ္သလို တစ္ကိုယ္ေကာင္းဆန္ တဲ့ စိတ္ေတြဖယ္ထားၿပီး အသင္း လိုက္ ပူးေပါင္းမႈေတြလည္း လို အပ္ပါတယ္’’ဟု ဦးေဇာ္ေဇာ္က ေျပာၾကားသည္။
ျမန္မာလိဂ္ အသင္းမ်ား သည္ လက္ရွိတြင္ အာရွခ်န္ပီယံ လိဂ္ ေျခစစ္ပြဲႏွင့္ ေအအက္ဖ္စီ ဖလားၿပိဳင္ပြဲတုိ႔တြင္သာ ကစား ခြင့္ရေနေသာ္လည္း ထိုင္းလိဂ္အသင္းမ်ားက အာရွခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ၌ ဂ်ပန္၊ တ႐ုတ္၊ ဩစေၾတး လ်၊ ေတာင္ကိုရီးယား ကလပ္အ သင္းမ်ားႏွင့္ ယွဥ္ၿပိဳင္ေနၿပီျဖစ္ သည္။ ျမန္မာလိဂ္ ထိပ္တန္း တိုက္စစ္မွဴး ေအာင္သူအတြက္ လာမည့္ ၂၀၁၈ ေဘာလံုးရာသီ တြင္ အေရွ႕ေတာင္အာရွ အ ေကာင္းဆံုးလိဂ္တစ္ခုျဖစ္သည့္ ထိုင္း လိဂ္-၁ ၌ အာရွနာမည္ႀကီး ကစားသမားမ်ားႏွင့္ သူ႔အရည္ အေသြးကို စမ္းသပ္ရေတာ့မည္။
‘‘ျမန္မာလိဂ္ ပြဲထြက္ ၁၁ ေယာက္မွာ ေအာင္သူေနရာရဖို႔ ၿပိဳင္ဆုိင္မႈနည္းေပမယ့္ ထိုင္းလိဂ္ မွာေတာ့ အရင္လို မလြယ္ကူပါ ဘူး။ သူတုိ႔ကလပ္မွာ ကစားမယ့္ ျပည္ပကစားသမားပြဲထြက္ခြင့္ေန ရာ ၿပိဳင္ရမွာမ်ိဳးပါ။ ပိုႀကိဳးစားဖို႔ လိုပါတယ္။ ဒါ့အျပင္ ျမန္မာဆုိ အထင္ေသးႏိုင္တဲ့ ထိုင္းကစား သမားေတြၾကား သူ႔အတြက္ ခက္ ခဲႏိုင္ပါတယ္။ ထုိင္းမွာသာ ေအာင္ျမင္လာမယ္ဆုိရင္ေတာ့ ေနာက္ တစ္ဆင့္အေနနဲ႔ ဂ်ပန္၊ ကိုရီး ယား အာရွအင္အားႀကီး ႏုိင္ငံေတြအထိ ထိုးေဖာက္သင့္ပါတယ္။ ဒါက လက္ေရြးစင္အတြက္လည္း အက်ိဳးရွိသလို ႏုိင္ငံအတြက္ ဂုဏ္ တက္စရာပါ’’ဟု အားကစား ကေလာင္ရွင္ အလင္းျဖဴက သံုးသပ္သည္။
ျမန္မာ့ေဘာလံုးေလာကကို အေပ်ာ္တမ္းစနစ္မွ ဆုေၾကးစား စနစ္သို႔ ၂၀၀၉ တြင္စတင္ေျပာင္းလဲခဲ့ၿပီးေနာက္ ေဘာလံုးသမားမ်ား၏ ခံစားခြင့္မ်ား ျမင့္တက္လာ ေသာ္လည္း အရည္အေသြးျမင့္ ကစားသမားေပၚထြက္မႈ ရွားပါး ေနဆဲျဖစ္သည္။
သို႔ေသာ္ ၂၀၀၉ ျမန္မာလိဂ္ စၿပီးေနာက္ပိုင္း ျပည္ပထြက္ ကစားသည့္ ကစားသမားအျဖစ္ ေအာင္သူ တစ္ဦးတည္းေပၚထြက္ လာျခင္းေတာ့ မဟုတ္ေပ။ ၂၀၁၀ ၌ ေနျပည္ေတာ္ ကစားသမား ေဇာ္လင္းႏွင့္ လာက်ဲအိုလြယ္တုိ႔ က ထုိင္းတတိယတန္းကလပ္၌ ၁၉၉၅ ေနာက္ပိုင္း ပထမဦးဆံုး ျပည္ပထြက္ ကစားသည့္ ကစား သမားမ်ားျဖစ္သည္။ ေနာက္ပိုင္း တြင္ ႏိုင္ဦးလြင္၊ လြင္ကိုႏိုင္၊ စည္ သူသန္း၊ ပိုင္စိုး၊ ေကာင္းဆက္ ႏုိင္၊ ႐ိႈင္းသူရ၊ ေက်ာ္ေဇယ်ာဝင္း၊ နႏၵလင္းေက်ာ္ခ်စ္၊ ေအာင္ေက်ာ္ ႏိုင္ စသည့္ျမန္မာကစားသမားအ ခ်ိဳ႕လည္း မေလးရွားလိဂ္ႏွင့္ ထိုင္းဒုတိယတန္းလိဂ္တို႔၌ သြားေရာက္ ကစားခဲ့သည္။
ျမန္မာ ကစားသမားမ်ား သည္ ျပည္ပထြက္ကစားရာ၌ ဘာ သာစကားႏွင့္ အစားအေသာက္ အခက္အခဲအခ်ိဳ႕ ႀကံဳရေသာ္ လည္း ဘဝအာမခံခ်က္ ေကာင္း မြန္၍ သြားေရာက္ကစားသင့္ ေၾကာင္း မေလးရွားကလပ္ပီရက္ ႏွင့္ စင္ကာပူကလပ္ ဘလက္စတီး ယားကာဆာအသင္း၌ ကစားခဲ့ သည့္ ေက်ာ္ေဇယ်ာဝင္းက ဆုိ သည္။
‘‘ျမန္မာ ေဘာလံုးသမား ေတာ္ေတာ္မ်ားမ်ားက အဂၤလိပ္ စကားအားနည္းေတာ့ အခက္အခဲေတာ့ရွိတယ္။ ဒါေပမဲ့ ေဘာလံုးနဲ႔ ပတ္သက္တဲ့ ေလ့က်င့္မႈကိုေတာ့ မထိခိုက္ပါဘူး။ သူတုိ႔ဆီမွာ ေနာက္တစ္ခုေကာင္းတာက ကစားသမားအတြက္ ဒဏ္ရာရခဲ့ ရင္လည္း ခ်က္ခ်င္းသတ္မွတ္ ထားတဲ့ ေဆး႐ံုမွာ ေသခ်ာကုေပး တယ္။ လစာဆုိလည္း ဒီမွာထက္ ႏွစ္ဆ၊ သံုးဆေလာက္ ပိုေကာင္း ပါတယ္။ ေလ့က်င့္မႈလည္း ျမင့္ တဲ့အတြက္ ေျခစြမ္းပိုင္း ပိုေကာင္း လာႏိုင္တယ္။ ေအာင္သူလို လူ ငယ္တစ္ေယာက္အေနနဲ႔ဆို ပိုတိုး တက္လာႏုိင္တဲ့အတြက္ ျပည္ပ ထြက္တာကို အားေပးပါတယ္’’ဟု ေက်ာ္ေဇယ်ာဝင္းက ေျပာသည္။
သို႔ေသာ္ ေအာင္သူေျပာင္း ေရႊ႕ခဲ့သည့္ Police Tero အသင္း က ၿပီးခဲ့သည့္ ေဘာလံုးရာသီတြင္ ႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲဝင္ ၁၈ သင္း အနက္ အဆင့္ (၁၄)ေနရာ၌သာ ရပ္တည္ႏုိင္ခဲ့သည္။ ထို႔အျပင္ ထိုင္း လိဂ္-၁ အသင္းမ်ားအနက္ ဒုတိယေျမာက္ သြင္းဂိုးအနည္း ဆံုးျဖစ္သည္။ သို႔ေသာ္ Police Tero (ယခင္ BEC တယ္႐ိုဆက္ စနာ)အသင္းသည္ ထိုင္းလိဂ္ၿပိဳင္ ပြဲ တစ္ေလွ်ာက္ ၂၀၀၀-၂၀၀၁-၂၀၀၂ တို႔တြင္ ခ်န္ပီယံဆြတ္ခူးခဲ့ ၿပီး ၂၀၀၃ ၌ အာရွခ်န္ပီယံလိဂ္ ၿပိဳင္ပြဲတြင္ ဒုတိယရဖူးသည့္ အ စဥ္အလာေကာင္းရွိသည္။
ျမန္္မာလိဂ္စတင္ခဲ့သည့္ ၂၀၀၉ ေနာက္ပိုင္း ျမန္မာကစား သမားတစ္ဦးအေနျဖင့္ ထုိင္းအ ဆင့္ျမင့္တန္း လိဂ္-၁ ၌ ေအာင္ သူက ပထမဆံုးသြားေရာက္ ကစားခြင့္ ရရွိျခင္း ျဖစ္သည္။ေအာင္သူသည္ ကစားသမားဘဝ ပထမဦးဆံုး ျပည္ပထြက္ကစား ျခင္းျဖစ္သည့္အျပင္ ထိုင္းအဆင့္ျမင့္တန္း လိဂ္-၁ တြင္ ကစားရမည္ျဖစ္၍ ဖိအားအနည္းငယ္ရွိႏုိင္ေၾကာင္း ျမန္မာ့ေဘာလံုးေလ့လာ သူမ်ားက သံုးသပ္သည္။
ထို႔အျပင္ ဥေရာပအဆင့္ တိုက္စစ္မွဴးမ်ားႏွင့္ ရင္ဆုိင္ဖူး သည့္ ထိုင္းလိဂ္ ခံစစ္ကစားသမား မ်ားကို ေက်ာ္ျဖတ္ရန္ ေအာင္သူ အေနျဖင့္ ႀကိဳးစားရမည္ျဖစ္ သည္။ အဆုိပါ အာရွထိပ္သီး ေနာက္ခံကစားသမားမ်ားၾကား၌ ျမန္မာတိုက္စစ္မွဴး ေအာင္သူအ ေနျဖင့္ ဂိုးရရွိရန္ ဖိအားဝင္ႏိုင္ ေၾကာင္း အားကစားကေလာင္ရွင္ ဦးခ်စ္ဝင္းေမာင္က သံုးသပ္ သည္။
‘‘ေအာင္သူက ျမန္မာအ တြက္ေတာ့ စံျပကစားသမားပါ။ အေတြ႕အႀကံဳရင့္ ကစားသမား ေတြမ်ားတဲ့ ထိုင္း လိဂ္-၁ မွာ ကစားရမွာျဖစ္တဲ့အတြက္ ဖိအား ေတာ့ ရွိႏိုင္ပါတယ္။ သူသာ ဂိုး သြင္းႏုိင္မယ္ဆုိရင္ေတာ့ ဖိအား ေတြ ေလ်ာ့သြားမွာပါ။ ျပည္ပမွာ သြားကစားရမွာျဖစ္တဲ့အတြက္ သူတို႔ဆီက အစားအေသာက္၊ အ ေနအထိုင္၊ ႀကံ႕ခိုင္မႈပိုင္းသာမက ပဲ ေဘာလံုးအျမင္ေတြပါ ေကာင္း လာႏုိင္ပါတယ္။ က်န္တဲ့ ျမန္မာ ကစားသမားေတြအေနနဲ႔လည္း ႀကိဳးစားမႈေကာင္းေကာင္းနဲ႔ သူ႔ လိုျဖစ္ေစခ်င္ပါတယ္’’ဟု ဦးခ်စ္ ဝင္းေမာင္က ဆုိသည္။
လာမည့္ ၂၀၁၈ ေဘာလံုး ရာသီကစတင္ၿပီး ျပည္ပကစား သမားသံုးဦး၊ အာရွကစားသမား တစ္ဦးအျပင္ အာဆီယံကစား သမားတစ္ဦး ေခၚေဆာင္ခြင့္ျပဳ ခဲ့သည့္ ထိုင္းလိဂ္၏ စည္းမ်ဥ္း ေျပာင္းလဲလာမႈက အနီးစပ္ဆံုးအိမ္နီးခ်င္းႏုိင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ တို႔ရွိ ကစားသမားမ်ားအတြက္ အခြင့္အလမ္းေကာင္း ေပၚလာ သည္။
ေအာင္သူအျပင္ အျခား ျမန္မာကစားသမားမ်ားအေနျဖင့္ လည္း ကစားသမားဘဝတုိးတက္ ရန္ ျပည္ပထြက္၍ကစားသင့္ ေၾကာင္း ျမန္မာ့လက္ေရြးစင္နည္း ျပခ်ဳပ္ ဂတ္ဖ႐ိုင္းဒရစ္က ေျပာ သည္။
‘‘အခု ေအာင္သူလို ျပည္ပ ထြက္ကစားဖို႔ အခြင့္အလမ္းေတြ ပြင့္လာတဲ့အခ်ိန္မွာ ျမန္မာကစား သမားေတြအေနနဲ႔ ေျပာင္းဖို႔ႀကိဳး စားသင့္တယ္။ ထုိင္းလိဂ္အသင္း ေတြက နည္းစနစ္လည္း ေကာင္း မြန္တယ္။ ကစားအားလည္း ရွိၾက တယ္။ ၂ ႏွစ္ေလာက္ ထိုင္းလိဂ္ မွာ ကစားလိုက္မယ္ဆုိရင္ ေအာင္သူဟာ ဒီထက္ပိုတဲ့ ေျခစြမ္း၊ ႀကံ႕ ခုိင္မႈအျပည့္နဲ႔ ေဒါင္ေဒါင္ျမည္ ကစားသမားတစ္ေယာက္ျဖစ္ လာမွာပါ။ ဒါဆုိရင္ ျမန္မာ့လက္ ေရြးစင္အသင္းအတြက္ အမ်ား ႀကီးအက်ိဳးျပဳႏုိင္ပါလိမ့္မယ္။ ဒီ မွာပဲ ကစားေနမယ္ဆုိရင္ေတာ့ သူတုိ႔အတြက္ တုိးတက္မယ့္လမ္း က ၾကန္႔ၾကာေနမွာပါ’’ဟု ဂတ္ ဖ႐ိုင္းဒရစ္က ဆုိသည္။
ျပည္ပထြက္ ကစားသည့္ ျမန္မာကစားသမား ရွားပါးေန သည့္ အေနအထားတြင္ လစာႏွင့္ ေဘာလံုးအဆင့္အတန္းျမင့္မား သည့္ ထိုင္း လိဂ္-၁ သို႔ ေျပာင္း ေရႊ႕မည့္ ေအာင္သူ၏ အေျပာင္း အေရႊ႕က မ်ိဳးဆက္သစ္လူငယ္ ကစားသမားမ်ားအတြက္ အား က်အတုယူဖြယ္ျဖစ္လာရန္မွာ ေအာင္သူကိုယ္တိုင္ ႀကိဳးစားျပရ မည္ျဖစ္သည္။။

7Day News Journal
http://www.7daydaily.com/story/114238

Unicode ဖြင့်ဖတ်ရန်

မြန်မာ့ဘောလုံးရဲ့ အမြင့်ပျံငှက်

လီယွန်နယ်မက်ဆီကို အားကျသည့် အညာမြေဖွား လူငယ်ဘောလုံးသမားတစ်ဦးသည် စိန်ခေါ်မှု အသစ်များကို ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အာဆီယံဒေသအတွင်း ခြေစွမ်းအကောင်းဆုံး ဘောလုံးသမားများနှင့် ရင် ဆိုင်ရန် မြန်မာ့ဘောလုံး၏ အ ထွန်းတောက်ဆုံး ကြယ်ပွင့်သည် ထိုင်း လိဂ်-၁ သို့ သွားရောက် ကစားမည်ဖြစ်သည်။ ထိုင်း ကလပ် Police Tero အသင်းက ကျောနံပါတ် (၁၀)ကို ပေးထား ခြင်းက သူ့ခြေစွမ်းအပေါ် အသင်း က မည်မျှမျှော်လင့်ထားကြောင်း ပေါ်လွင်စေသည်။
‘‘ကျွန်တော့် အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ’’ဟု မြန်မာ လိဂ် အကောင်းဆုံး သုံးနှစ်ဆက် ဆုရှင် အောင်သူက ပြောသည်။
မြန်မာ့ဘောလုံး အကယ်ဒမီ (မန္တလေး)ထွက် လူငယ်တစ်ဦး သည် ပြည်တွင်းကလပ် ရတနာပုံ အသင်းတွင် ကစားနေရာမှ ထိုင်း နိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ဖြစ် သည့် ထိုင်း လိဂ်-၁ ပြိုင်ပွဲသို့ သွားရောက်ကစားခွင့်ရရှိပြီဖြစ်သည်။
၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာအသင်း၌ ခြေစွမ်းပြပြီးနောက် ကစားသမားဘဝတိုး တက်မှုအတွက်နှင့် နောင်တက်လာမည့် မျိုးဆက်သစ်ကစား သမားလေးများ လမ်းကြောင်းပွင့်လာရန် ပြည်ပထွက်ကစားချင် ကြောင်း ပြောခဲ့သည့် အောင်သူ၏အိပ်မက်များသည် ၂ နှစ်အကြာ တွင် တကယ်ဖြစ်လာသည်။
မိတ္ထီလာမြို့ ပင်တလဲရွာ လေးတွင် မွေးဖွားခဲ့သည့် လူငယ် လေးတစ်ဦးသည် ၂၀၀၉ အသက် (၁၃)နှစ်အရွယ်၌ မန္တလေးဘော လုံး အကယ်ဒမီသို့ အခက်အခဲ အ မျိုးမျိုးကြားမှ မိသားစုအထောက် အပံ့အားနည်းစွာဖြင့် တက်ရောက်ရသော်လည်း လက်ရှိ အသက်(၂၁)နှစ်တွင် လစာအကောင်းဆုံး မြန်မာလူငယ် ဘောလုံးသမားဖြစ် လာတော့မည်ဖြစ်သည်။
‘‘ကျွန်တော် အရင်ကတည်း က ပြည်ပထွက်ကစားချင်တဲ့ အိပ် မက်ရှိပါတယ်။ ဒါက ကျွန်တော့် ကစားသမားဘဝတိုးတက်ဖို့ဆို တာအပြင် နောက်လူငယ်တွေအ တွက်လည်း လမ်းကြောင်း ဖောက်ချင်တာပါ။ အရင်လို နယ်ကလာ တဲ့ လူငယ်တွေဆိုရင် ပြည်ပထွက် ဖို့မပြောနဲ့ ရန်ကုန်လာဖို့ကို ရှိန် တယ်။ တကယ်တမ်း ကိုယ်ဝါ သနာပါတယ်။ ရူးသွပ်တယ်။ ကြိုးစားမယ်ဆိုရင်တော့ ဘာမဆိုဖြစ် နိုင်ပါတယ်။ ပြည်ပရောက်တဲ့အ ချိန်မှာ သူတို့ဆီက ဘောလုံးပညာ တွေ သင်ယူမယ်။ သင်ခန်းစာတွေ ယူမယ်။ နိုင်ငံအတွက် ပြန်ကစား ရတဲ့အချိန်မှာ အကျိုးရှိအောင် ပြန်အသုံးချပါမယ်’’ဟု အောင်သူ က သူ၏ ဘဝရည်မှန်းချက်ကို ပြောသည်။
တိုက်စစ်မှူး အောင်သူနှင့် ထိုင်းပရိသတ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၃၀ ရက်တွင် ဘန်ကောက်မြို့ ၌ ပြုလုပ်မည်ဖြစ်သည်။ အောင်သူကို တစ်နှစ်အငှားခေါ်ယူခဲ့သည့် Police Tero ကလပ်အသင်းက ၎င်းအတွက် နေထိုင်ရေးပါ စီစဉ် ပေးမည့်အပြင် တစ်လကန်ဒေါ် လာ ရ,၀၀၀ (ကျပ်သိန်း ၉၀ ကျော်)ပေးမည်ဖြစ်သည်။ ထိုင်း လိဂ်-၁ တွင် ၀င်ရောက်ကစားခွင့်ရရှိခြင်းက အောင်သူအတွက် အခွင့်အရေး ကောင်းတစ်ခုဖြစ်သလို ယင်းအခွင့်အရေးကို မည်မျှထိ လုပ်ပြနိုင်မလဲဆိုသည်ကလည်း အရေးပါသည့် အကြောင်းအရာဖြစ်လာ သည်။
လူငယ်တိုက်စစ်မှူး အောင် သူသည် လူငယ်အဆင့်တွင်သာ မက ယူ-၂၃ အသင်းနှင့် ဆီးဂိမ်း ပြိုင်ပွဲ၊ လက်ရွေးစင်အသင်းကြီး၌ လည်း ဆူဇူကီးပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲတို့တွင် သွင်းဂိုးများဖြင့် အရည်အသွေး အကြိမ်ကြိမ် ပြသခဲ့သည်။ ၂၀၁၅ အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုနှင့် ၂၀၁၅ မှ ၂၀၁၇ အထိမြန်မာလိဂ်အကောင်းဆုံးကစားသမားဆုကို သုံးနှစ်ဆက် ဆွတ်ခူးကာ အောင်မြင်မှု မှတ်ကျောက်တင်ခဲ့သည်။
အောင်သူအနေဖြင့် အရှေ့ တောင်အာရှ၏ အဆင့်မြင့်လိဂ် ဖြစ်သည့် ထိုင်း လိဂ်-၁ သို့ ပြောင်းရွှေ့ကစားခွင့်ရ၍ ဂုဏ်ယူမိ ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၁၇ မြန်မာလိဂ် အကောင်းဆုံး ဆုပေးပွဲတွင် အောင်သူကို ချီး ကျူးပြောကြားသည်။
‘‘အောင်သူ့အတွက် တကယ်ဂုဏ်ယူမိပါတယ်။ သူ့ဘဝရပ် တည်ဖို့အတွက် ဘဝအာမခံချက် တစ််ခု ရရှိလာပါပြီ။ ဘောလုံးက အခုဆို အပျော်တမ်းအားကစား နည်းမဟုတ်တော့ပါဘူး။ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်နိုင်ပါပြီ။ အာဖရိကလို နိုင်ငံ မှာတောင် သူတို့ဆီက ပရော်ဖက် ရှင်နယ် ကစားသမားတွေက ဥရောပထိ ထွက်ကစားနေပါပြီ။ သူတို့နိုင်ငံမှာ လက်ရွေးစင်အဖြစ် ကစားတဲ့အခါ ပိုကောင်းလာတဲ့ အတွက် အာဖရိကအသင်းတွေ နောက်ပိုင်း အောင်မြင်လာတာ ပါ။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ကစားသမားတွေ ပရော်ဖက်ရှင် နယ်ဖြစ်ဖို့တော့ လိုပါတယ်။ ကိုယ်တိုင်လေ့ကျင့်မှုတွေ ပြုလုပ်ရမှာ ဖြစ်သလို တစ်ကိုယ်ကောင်းဆန် တဲ့ စိတ်တွေဖယ်ထားပြီး အသင်း လိုက် ပူးပေါင်းမှုတွေလည်း လို အပ်ပါတယ်’’ဟု ဦးဇော်ဇော်က ပြောကြားသည်။
မြန်မာလိဂ် အသင်းများ သည် လက်ရှိတွင် အာရှချန်ပီယံ လိဂ် ခြေစစ်ပွဲနှင့် အေအက်ဖ်စီ ဖလားပြိုင်ပွဲတို့တွင်သာ ကစား ခွင့်ရနေသော်လည်း ထိုင်းလိဂ်အသင်းများက အာရှချန်ပီယံလိဂ် ပြိုင်ပွဲ၌ ဂျပန်၊ တရုတ်၊ ဩစတြေး လျ၊ တောင်ကိုရီးယား ကလပ်အ သင်းများနှင့် ယှဉ်ပြိုင်နေပြီဖြစ် သည်။ မြန်မာလိဂ် ထိပ်တန်း တိုက်စစ်မှူး အောင်သူအတွက် လာမည့် ၂၀၁၈ ဘောလုံးရာသီ တွင် အရှေ့တောင်အာရှ အ ကောင်းဆုံးလိဂ်တစ်ခုဖြစ်သည့် ထိုင်း လိဂ်-၁ ၌ အာရှနာမည်ကြီး ကစားသမားများနှင့် သူ့အရည် အသွေးကို စမ်းသပ်ရတော့မည်။
‘‘မြန်မာလိဂ် ပွဲထွက် ၁၁ ယောက်မှာ အောင်သူနေရာရဖို့ ပြိုင်ဆိုင်မှုနည်းပေမယ့် ထိုင်းလိဂ် မှာတော့ အရင်လို မလွယ်ကူပါ ဘူး။ သူတို့ကလပ်မှာ ကစားမယ့် ပြည်ပကစားသမားပွဲထွက်ခွင့်နေ ရာ ပြိုင်ရမှာမျိုးပါ။ ပိုကြိုးစားဖို့ လိုပါတယ်။ ဒါ့အပြင် မြန်မာဆို အထင်သေးနိုင်တဲ့ ထိုင်းကစား သမားတွေကြား သူ့အတွက် ခက် ခဲနိုင်ပါတယ်။ ထိုင်းမှာသာ အောင်မြင်လာမယ်ဆိုရင်တော့ နောက် တစ်ဆင့်အနေနဲ့ ဂျပန်၊ ကိုရီး ယား အာရှအင်အားကြီး နိုင်ငံတွေအထိ ထိုးဖောက်သင့်ပါတယ်။ ဒါက လက်ရွေးစင်အတွက်လည်း အကျိုးရှိသလို နိုင်ငံအတွက် ဂုဏ် တက်စရာပါ’’ဟု အားကစား ကလောင်ရှင် အလင်းဖြူက သုံးသပ်သည်။
မြန်မာ့ဘောလုံးလောကကို အပျော်တမ်းစနစ်မှ ဆုကြေးစား စနစ်သို့ ၂၀၀၉ တွင်စတင်ပြောင်းလဲခဲ့ပြီးနောက် ဘောလုံးသမားများ၏ ခံစားခွင့်များ မြင့်တက်လာ သော်လည်း အရည်အသွေးမြင့် ကစားသမားပေါ်ထွက်မှု ရှားပါး နေဆဲဖြစ်သည်။
သို့သော် ၂၀၀၉ မြန်မာလိဂ် စပြီးနောက်ပိုင်း ပြည်ပထွက် ကစားသည့် ကစားသမားအဖြစ် အောင်သူ တစ်ဦးတည်းပေါ်ထွက် လာခြင်းတော့ မဟုတ်ပေ။ ၂၀၁၀ ၌ နေပြည်တော် ကစားသမား ဇော်လင်းနှင့် လာကျဲအိုလွယ်တို့ က ထိုင်းတတိယတန်းကလပ်၌ ၁၉၉၅ နောက်ပိုင်း ပထမဦးဆုံး ပြည်ပထွက် ကစားသည့် ကစား သမားများဖြစ်သည်။ နောက်ပိုင်း တွင် နိုင်ဦးလွင်၊ လွင်ကိုနိုင်၊ စည် သူသန်း၊ ပိုင်စိုး၊ ကောင်းဆက် နိုင်၊ ရှိုင်းသူရ၊ ကျော်ဇေယျာဝင်း၊ နန္ဒလင်းကျော်ချစ်၊ အောင်ကျော် နိုင် စသည့်မြန်မာကစားသမားအ ချို့လည်း မလေးရှားလိဂ်နှင့် ထိုင်းဒုတိယတန်းလိဂ်တို့၌ သွားရောက် ကစားခဲ့သည်။
မြန်မာ ကစားသမားများ သည် ပြည်ပထွက်ကစားရာ၌ ဘာ သာစကားနှင့် အစားအသောက် အခက်အခဲအချို့ ကြုံရသော် လည်း ဘဝအာမခံချက် ကောင်း မွန်၍ သွားရောက်ကစားသင့် ကြောင်း မလေးရှားကလပ်ပီရက် နှင့် စင်ကာပူကလပ် ဘလက်စတီး ယားကာဆာအသင်း၌ ကစားခဲ့ သည့် ကျော်ဇေယျာဝင်းက ဆို သည်။
‘‘မြန်မာ ဘောလုံးသမား တော်တော်များများက အင်္ဂလိပ် စကားအားနည်းတော့ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုကိုတော့ မထိခိုက်ပါဘူး။ သူတို့ဆီမှာ နောက်တစ်ခုကောင်းတာက ကစားသမားအတွက် ဒဏ်ရာရခဲ့ ရင်လည်း ချက်ချင်းသတ်မှတ် ထားတဲ့ ဆေးရုံမှာ သေချာကုပေး တယ်။ လစာဆိုလည်း ဒီမှာထက် နှစ်ဆ၊ သုံးဆလောက် ပိုကောင်း ပါတယ်။ လေ့ကျင့်မှုလည်း မြင့် တဲ့အတွက် ခြေစွမ်းပိုင်း ပိုကောင်း လာနိုင်တယ်။ အောင်သူလို လူ ငယ်တစ်ယောက်အနေနဲ့ဆို ပိုတိုး တက်လာနိုင်တဲ့အတွက် ပြည်ပ ထွက်တာကို အားပေးပါတယ်’’ဟု ကျော်ဇေယျာဝင်းက ပြောသည်။
သို့သော် အောင်သူပြောင်း ရွှေ့ခဲ့သည့် Police Tero အသင်း က ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲဝင် ၁၈ သင်း အနက် အဆင့် (၁၄)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် ထိုင်း လိဂ်-၁ အသင်းများအနက် ဒုတိယမြောက် သွင်းဂိုးအနည်း ဆုံးဖြစ်သည်။ သို့သော် Police Tero (ယခင် BEC တယ်ရိုဆက် စနာ)အသင်းသည် ထိုင်းလိဂ်ပြိုင် ပွဲ တစ်လျှောက် ၂၀၀၀-၂၀၀၁-၂၀၀၂ တို့တွင် ချန်ပီယံဆွတ်ခူးခဲ့ ပြီး ၂၀၀၃ ၌ အာရှချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဒုတိယရဖူးသည့် အ စဉ်အလာကောင်းရှိသည်။
မြန််မာလိဂ်စတင်ခဲ့သည့် ၂၀၀၉ နောက်ပိုင်း မြန်မာကစား သမားတစ်ဦးအနေဖြင့် ထိုင်းအ ဆင့်မြင့်တန်း လိဂ်-၁ ၌ အောင် သူက ပထမဆုံးသွားရောက် ကစားခွင့် ရရှိခြင်း ဖြစ်သည်။အောင်သူသည် ကစားသမားဘဝ ပထမဦးဆုံး ပြည်ပထွက်ကစား ခြင်းဖြစ်သည့်အပြင် ထိုင်းအဆင့်မြင့်တန်း လိဂ်-၁ တွင် ကစားရမည်ဖြစ်၍ ဖိအားအနည်းငယ်ရှိနိုင်ကြောင်း မြန်မာ့ဘောလုံးလေ့လာ သူများက သုံးသပ်သည်။
ထို့အပြင် ဥရောပအဆင့် တိုက်စစ်မှူးများနှင့် ရင်ဆိုင်ဖူး သည့် ထိုင်းလိဂ် ခံစစ်ကစားသမား များကို ကျော်ဖြတ်ရန် အောင်သူ အနေဖြင့် ကြိုးစားရမည်ဖြစ် သည်။ အဆိုပါ အာရှထိပ်သီး နောက်ခံကစားသမားများကြား၌ မြန်မာတိုက်စစ်မှူး အောင်သူအ နေဖြင့် ဂိုးရရှိရန် ဖိအားဝင်နိုင် ကြောင်း အားကစားကလောင်ရှင် ဦးချစ်ဝင်းမောင်က သုံးသပ် သည်။
‘‘အောင်သူက မြန်မာအ တွက်တော့ စံပြကစားသမားပါ။ အတွေ့အကြံုရင့် ကစားသမား တွေများတဲ့ ထိုင်း လိဂ်-၁ မှာ ကစားရမှာဖြစ်တဲ့အတွက် ဖိအား တော့ ရှိနိုင်ပါတယ်။ သူသာ ဂိုး သွင်းနိုင်မယ်ဆိုရင်တော့ ဖိအား တွေ လျော့သွားမှာပါ။ ပြည်ပမှာ သွားကစားရမှာဖြစ်တဲ့အတွက် သူတို့ဆီက အစားအသောက်၊ အ နေအထိုင်၊ ကြံ့ခိုင်မှုပိုင်းသာမက ပဲ ဘောလုံးအမြင်တွေပါ ကောင်း လာနိုင်ပါတယ်။ ကျန်တဲ့ မြန်မာ ကစားသမားတွေအနေနဲ့လည်း ကြိုးစားမှုကောင်းကောင်းနဲ့ သူ့ လိုဖြစ်စေချင်ပါတယ်’’ဟု ဦးချစ် ဝင်းမောင်က ဆိုသည်။
လာမည့် ၂၀၁၈ ဘောလုံး ရာသီကစတင်ပြီး ပြည်ပကစား သမားသုံးဦး၊ အာရှကစားသမား တစ်ဦးအပြင် အာဆီယံကစား သမားတစ်ဦး ခေါ်ဆောင်ခွင့်ပြု ခဲ့သည့် ထိုင်းလိဂ်၏ စည်းမျဉ်း ပြောင်းလဲလာမှုက အနီးစပ်ဆုံးအိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့ရှိ ကစားသမားများအတွက် အခွင့်အလမ်းကောင်း ပေါ်လာ သည်။
အောင်သူအပြင် အခြား မြန်မာကစားသမားများအနေဖြင့် လည်း ကစားသမားဘဝတိုးတက် ရန် ပြည်ပထွက်၍ကစားသင့် ကြောင်း မြန်မာ့လက်ရွေးစင်နည်း ပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြော သည်။
‘‘အခု အောင်သူလို ပြည်ပ ထွက်ကစားဖို့ အခွင့်အလမ်းတွေ ပွင့်လာတဲ့အချိန်မှာ မြန်မာကစား သမားတွေအနေနဲ့ ပြောင်းဖို့ကြိုး စားသင့်တယ်။ ထိုင်းလိဂ်အသင်း တွေက နည်းစနစ်လည်း ကောင်း မွန်တယ်။ ကစားအားလည်း ရှိကြ တယ်။ ၂ နှစ်လောက် ထိုင်းလိဂ် မှာ ကစားလိုက်မယ်ဆိုရင် အောင်သူဟာ ဒီထက်ပိုတဲ့ ခြေစွမ်း၊ ကြံ့ ခိုင်မှုအပြည့်နဲ့ ဒေါင်ဒေါင်မြည် ကစားသမားတစ်ယောက်ဖြစ် လာမှာပါ။ ဒါဆိုရင် မြန်မာ့လက် ရွေးစင်အသင်းအတွက် အများ ကြီးအကျိုးပြုနိုင်ပါလိမ့်မယ်။ ဒီ မှာပဲ ကစားနေမယ်ဆိုရင်တော့ သူတို့အတွက် တိုးတက်မယ့်လမ်း က ကြန့်ကြာနေမှာပါ’’ဟု ဂတ် ဖရိုင်းဒရစ်က ဆိုသည်။
ပြည်ပထွက် ကစားသည့် မြန်မာကစားသမား ရှားပါးနေ သည့် အနေအထားတွင် လစာနှင့် ဘောလုံးအဆင့်အတန်းမြင့်မား သည့် ထိုင်း လိဂ်-၁ သို့ ပြောင်း ရွှေ့မည့် အောင်သူ၏ အပြောင်း အရွှေ့က မျိုးဆက်သစ်လူငယ် ကစားသမားများအတွက် အား ကျအတုယူဖွယ်ဖြစ်လာရန်မှာ အောင်သူကိုယ်တိုင် ကြိုးစားပြရ မည်ဖြစ်သည်။။

7Day News Journal
http://www.7daydaily.com/story/114238

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top