ရန္ကုန္လိူင္သာယာမွ ရခိုင္လူမ်ိဳးမ်ား ေမာင္ေတာေဒသတြင္ အေျခခ်ရန္ ထြက္ခြာျပီ

Screenshot_64-1.jpg

Zawgyi ျဖင့္ဖတ္ရန္

ရန္ကုန္တြင္ ေရာက္ရွိေနၾကသည့္ ရခိုင္လူမ်ိဳးမ်ားထဲမွ တစ္ခ်ိဳ႕သည္ အလုပ္အကိုင္ အခြင့္အလန္းမ်ားေၾကာင့္ ေမာင္ေတာ ေဒသတြင္ အေျခခ်ေနထိုင္ရန္ ထြက္ခြာလ်က္ရွိၾကသည္ဟု သတင္းရရွိသည္။
..
“ အခု လက္ရွိ ရွစ္ေယာက္တစ္ဖြဲ႕က ေမာင္ေတာကုိ ေရာက္သြားပါျပီ။ ဒီကေန႕ ဦးေက်ာ္ရင္လိႈင္ ဦးေဆာင္တဲ့ ၁၀ ေယာက္ တစ္ဖြဲ႕ ေမာင္ေတာကို ရန္ကုန္ကေန သြားၾကမွာပါ။ ေနာက္ထပ္ အဖြဲ႕၀င္ ၁၀ ေက်ာ္ ပါတဲ့ မိသားစု သံုးစုလည္း ေမာင္ေတာကို သြားၾကမွာ ျဖစ္ပါတယ္” ဟု ရကၡိတ မ်ိဳးေစာင့္အဖြဲ႕ (ARG) ဥကၠ႒ ဦးဘေအးက နိရဥၥရာသတင္းဌာနသို႕ ေျပာသည္။
..
ယခုအခါ ေမာင္ေတာေဒသတြင္ စီမံကိန္း အမ်ားအျပားကို အေကာင္အထည္ေဖာ္ေနရာ ၎လုပ္ငန္းမ်ား အတြက္ ပန္းရံႏွင့္ လက္သမားမ်ား အထူး လိုအပ္ေနေၾကာင္း သိရွိရသည္။
..
“ ပန္းရံ အလုပ္က အၾကီးအက်ယ္ လူလိုေနတယ္။ သြားတာနဲ႕ အလုပ္ရတယ္။ အလုပ္ မရေသးဘူးဆိုရင္လည္း ကၽြန္ေတာ္ ARG စခန္းမွာေနလို႕ရတယ္။ စားေရး ေသာက္ေရးက အခမဲ့ ကူညီေပးမယ္။ တကယ္လို႕ ကၽြန္ေတာ္တို႕ဆီမွာ လုပ္မယ္ဆိုရင္ တစ္လကို တစ္သိန္း ေထာက္ပံ့ေပးမယ္” ဟု သူက ေျပာသည္။
..
ေမာင္ေတာတြင္ အေျခခ်ျပီး ေဒသဖြံ႕ျဖိဳးေရးကို လုပ္ကိုင္ေနသည့္ ARG အဖြဲ႕အေနျဖင့္ ယခုအခ်ိန္တြင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး လုပ္ငန္းမ်ားကို ေမာင္ေတာေဒသတြင္ လုပ္ကိုင္ေနျပီး ေဒသခံမ်ားအတြက္ လိုအပ္သည့္ လယ္ထြန္စက္မ်ား၊ စပါးရိတ္သိမ္း ေျခြလွည့္စက္မ်ားကိုလည္း ငွားခအနည္းငယ္ျဖင့္ ငွားရမ္းကာ လုပ္ကိုင္ေပးလွ်က္ ရွိေနေၾကာင္း သိရသည္။
..
“ ကၽြန္ေတာ္တို႕ဆီမွာ လုပ္မယ္ ဆိုရင္ ဘယ္သူဘဲလာလာ စားျပီးေသာက္ျပီး လစာ တစ္သိန္း ေပးတယ္။ ေနာက္ထပ္ ကၽြန္ေတာ္တို႕ အဖြဲ႕အေနနဲ႕ ငါးလုပ္ငန္းေတြကိုတိုးခ်ဲ႕ဖို႕ စီစဥ္ေနတယ္။ အလုပ္လုပ္လိုသူမ်ား ေမာင္ေတာေဒသကို လာၾကပါ။ မိမိအတြက္ ၀င္ေငြရတဲ့ အျပင္ မိမိေဒသကိုလည္း ကာကြယ္ရာေရာက္တဲ့အတြက္ အက်ိဳးျပဳတဲ့ လုပ္ရပ္ျဖစ္တာေၾကာင့္ အမ်ိဳးေရးအသိနဲ႕ အတူ လာေရာက္ၾကဖို႕ ဖိတ္ေခၚလိုပါတယ္” ဟု ဦးဘေအးက ဆိုသည္။
..
ဦးဘေအးအေနျဖင့္ ရန္ကုန္သို႕ ေရာက္ခိုက္ လိူင္သာယာမွ ရခိုင္လူမ်ိဳးမ်ားအား ေတြ႕ဆံုျပီး ေမာင္ေတာ ေဒသ၏ အေျခအေနမ်ားကို ရွင္းျပရာ ရခိုင္အမ်ိဳးသားမ်ားအေနျဖင့္ ေမာင္ေတာေဒသသို႕ လာေရာက္ျပီး အေျခခ်ေနထိုင္ရန္ အထူးစိတ္၀င္စားလ်က္ရွိေၾကာင္း သိရသည္။


..
လိူင္သာယာမွ လူမႈေရး ေခါင္းေဆာင္ ဦးလွ၀င္းမွလည္း သူတို႕တြင္ အဖြဲ႕ ၁၁ ဖြဲ႕အား ေပါင္းစည္းထားျပီး အင္အား ၄၀၀၀ ခန္႕ရွိေၾကာင္း၊လူငယ္မ်ားအား ေမာင္ေတာသုိ႕ ေစလြတ္မည္ ျဖစ္ေၾကာင္း၊ အမ်ိဳးသမီးငယ္မ်ားအတြက္ ပံုမွန္၀င္ေငြရသည့္ အထည္ခ်ဳပ္စက္ရံုမ်ား တည္ေထာင္ ေပးပါက အမ်ိဳးသမီးငယ္မ်ားကို ေစလႊတ္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
..
ယခုအခါ ရခိုင္ျပည္နယ္ အေနာက္ဖက္ ေဒသ ျပန္လည္ တည္ေဆာက္ေရးေကာ္မတီမွလည္း ေမာင္ေတာျမိဳ႕နယ္ေတာင္ပိုင္းတြင္ ငါးဖမ္းရန္အတြက္ ေဒသခံမ်ားကို စက္ေလွ၊ ငါးဖမ္းပိုက္မ်ားေထာက္ပံ့သည့္ အျပင္ ငါးဖမ္းရန္ နည္းပညာမ်ားပါ သင္ၾကားလ်က္ရွိေၾကာင္း သိရသည္။
..
“ ကၽြန္ေတာ္တို႕ ေမာင္ေတာျမိဳ႕နယ္ ေတာင္ပိုင္းက ဒံုးပိုက္၊ဆင္ပိုက္ ေက်းရြာေတြ အပါအ၀င္ ေက်းရြာအေတာ္မ်ားမ်ားက အသက္ ၂၀နဲ႕ ၄၀ အရြယ္အၾကား လူေတြဟာ ပင္လယ္ျပင္ထဲကို ဆင္းျပီး ဘယ္လို ငါးဖမ္းရမယ္ဆိုတာ မသိေတာ့ဘူး။ ပင္လယ္နဲ႕ အနီးေလးမွာ ေနၾကေပမယ့္ ပင္လယ္ထဲကို သြားရင္ တစ္ဖက္ တိုက္ခိုက္မႈေတြ ရွိတဲ့ အတြက္ ပင္လယ္ထဲကို မဆင္းၾကဘဲ ေနခဲ့ၾကရာကေန ပင္လယ္ထဲကို ေလွနဲ႕ ဘယ္လိုထြက္မယ္၊ ငါးဘယ္လို ဖမ္းမယ္ဆိုတာကို မသိၾကေတာ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခု ငါးဖမ္းေလွေတြ၊ ပိုက္ေတြ စီစဥ္ေပးျပီး သင္ျပမယ့္သူေတြကို ေပါက္ေတာျမိဳ႕နယ္က ေခၚယူျပီး အခု ငါးဖမ္းႏိုင္ေအာင္ စီစဥ္ ေပးေနပါတယ္” ဟု ရခိုင္ျပည္နယ္ အေနာက္ဖက္ ေဒသ ျပန္လည္ တည္ေဆာက္ေရးေကာ္မတီ ဥကၠ႒ ေဒါက္တာ ေအးခ်မ္းက ေျပာၾကားသည္။
..
ေမာင္ေတာေဒသတြင္ ပံုမွန္ လစာ တစ္သိန္းခြဲ၊ ႏွစ္သိန္းထိ ရရွိမည့္ အလုပ္အကိုင္ အခြင့္အလန္းရရွိမည္ဆိုပါက ရန္ကုန္ေရာက္ ရခိုင္အမ်ားအျပား မိမိေဒသသို႕ ျပန္လာၾကမည္ျဖစ္ေၾကာင္း လိူင္သာယာမွ လူမႈေရး ေခါင္းေဆာင္ ဦးလွ၀င္းက ေျပာသည္။
..
(ေမာင္ေတာေဒသမွ စီမံကိန္း လုပ္ငန္းခြင္တစ္ခ်ိဳ႕/ ဓာတ္ပံု- ARG)
..
Source : Narinjara

ရန္ကုန္လိူင္သာယာမွ ရခိုင္လူမ်ိဳးမ်ား ေမာင္ေတာေဒသတြင္ အေျခခ်ရန္ ထြက္ခြာ နိရဥၥရာ၊ ႏို၀င္ဘာ ၂၉ ရန္ကုန္တြင္ ေရာက္ရွိေနၾက…

Posted by Narinjara on Tuesday, November 28, 2017

Unicode ဖြင့်ဖတ်ရန်

ရန်ကုန်လိူင်သာယာမှ ရခိုင်လူမျိုးများ မောင်တောဒေသတွင် အခြေချရန် ထွက်ခွာ
..
ရန်ကုန်တွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများထဲမှ တစ်ချို့သည် အလုပ်အကိုင် အခွင့်အလန်းများကြောင့် မောင်တော ဒေသတွင် အခြေချနေထိုင်ရန် ထွက်ခွာလျက်ရှိကြသည်ဟု သတင်းရရှိသည်။
..
“ အခု လက်ရှိ ရှစ်ယောက်တစ်ဖွဲ့က မောင်တောကို ရောက်သွားပါပြီ။ ဒီကနေ့ ဦးကျော်ရင်လှိုင် ဦးဆောင်တဲ့ ၁၀ ယောက် တစ်ဖွဲ့ မောင်တောကို ရန်ကုန်ကနေ သွားကြမှာပါ။ နောက်ထပ် အဖွဲ့ဝင် ၁၀ ကျော် ပါတဲ့ မိသားစု သုံးစုလည်း မောင်တောကို သွားကြမှာ ဖြစ်ပါတယ်” ဟု ရက္ခိတ မျိုးစောင့်အဖွဲ့ (ARG) ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
..
ယခုအခါ မောင်တောဒေသတွင် စီမံကိန်း အများအပြားကို အကောင်အထည်ဖော်နေရာ ၎င်းလုပ်ငန်းများ အတွက် ပန်းရံနှင့် လက်သမားများ အထူး လိုအပ်နေကြောင်း သိရှိရသည်။
..
“ ပန်းရံ အလုပ်က အကြီးအကျယ် လူလိုနေတယ်။ သွားတာနဲ့ အလုပ်ရတယ်။ အလုပ် မရသေးဘူးဆိုရင်လည်း ကျွန်တော် ARG စခန်းမှာနေလို့ရတယ်။ စားရေး သောက်ရေးက အခမဲ့ ကူညီပေးမယ်။ တကယ်လို့ ကျွန်တော်တို့ဆီမှာ လုပ်မယ်ဆိုရင် တစ်လကို တစ်သိန်း ထောက်ပံ့ပေးမယ်” ဟု သူက ပြောသည်။
..
မောင်တောတွင် အခြေချပြီး ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုင်နေသည့် ARG အဖွဲ့အနေဖြင့် ယခုအချိန်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို မောင်တောဒေသတွင် လုပ်ကိုင်နေပြီး ဒေသခံများအတွက် လိုအပ်သည့် လယ်ထွန်စက်များ၊ စပါးရိတ်သိမ်း ခြွေလှည့်စက်များကိုလည်း ငှားခအနည်းငယ်ဖြင့် ငှားရမ်းကာ လုပ်ကိုင်ပေးလျှက် ရှိနေကြောင်း သိရသည်။
..
“ ကျွန်တော်တို့ဆီမှာ လုပ်မယ် ဆိုရင် ဘယ်သူဘဲလာလာ စားပြီးသောက်ပြီး လစာ တစ်သိန်း ပေးတယ်။ နောက်ထပ် ကျွန်တော်တို့ အဖွဲ့အနေနဲ့ ငါးလုပ်ငန်းတွေကိုတိုးချဲ့ဖို့ စီစဉ်နေတယ်။ အလုပ်လုပ်လိုသူများ မောင်တောဒေသကို လာကြပါ။ မိမိအတွက် ၀င်ငွေရတဲ့ အပြင် မိမိဒေသကိုလည်း ကာကွယ်ရာရောက်တဲ့အတွက် အကျိုးပြုတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အမျိုးရေးအသိနဲ့ အတူ လာရောက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဦးဘအေးက ဆိုသည်။
..
ဦးဘအေးအနေဖြင့် ရန်ကုန်သို့ ရောက်ခိုက် လိူင်သာယာမှ ရခိုင်လူမျိုးများအား တွေ့ဆုံပြီး မောင်တော ဒေသ၏ အခြေအနေများကို ရှင်းပြရာ ရခိုင်အမျိုးသားများအနေဖြင့် မောင်တောဒေသသို့ လာရောက်ပြီး အခြေချနေထိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
..
လိူင်သာယာမှ လူမှုရေး ခေါင်းဆောင် ဦးလှဝင်းမှလည်း သူတို့တွင် အဖွဲ့ ၁၁ ဖွဲ့အား ပေါင်းစည်းထားပြီး အင်အား ၄၀၀၀ ခန့်ရှိကြောင်း၊လူငယ်များအား မောင်တောသို့ စေလွတ်မည် ဖြစ်ကြောင်း၊ အမျိုးသမီးငယ်များအတွက် ပုံမှန်ဝင်ငွေရသည့် အထည်ချုပ်စက်ရုံများ တည်ထောင် ပေးပါက အမျိုးသမီးငယ်များကို စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
..
ယခုအခါ ရခိုင်ပြည်နယ် အနောက်ဖက် ဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီမှလည်း မောင်တောမြို့နယ်တောင်ပိုင်းတွင် ငါးဖမ်းရန်အတွက် ဒေသခံများကို စက်လှေ၊ ငါးဖမ်းပိုက်များထောက်ပံ့သည့် အပြင် ငါးဖမ်းရန် နည်းပညာများပါ သင်ကြားလျက်ရှိကြောင်း သိရသည်။
..
“ ကျွန်တော်တို့ မောင်တောမြို့နယ် တောင်ပိုင်းက ဒုံးပိုက်၊ဆင်ပိုက် ကျေးရွာတွေ အပါအဝင် ကျေးရွာအတော်များများက အသက် ၂၀နဲ့ ၄၀ အရွယ်အကြား လူတွေဟာ ပင်လယ်ပြင်ထဲကို ဆင်းပြီး ဘယ်လို ငါးဖမ်းရမယ်ဆိုတာ မသိတော့ဘူး။ ပင်လယ်နဲ့ အနီးလေးမှာ နေကြပေမယ့် ပင်လယ်ထဲကို သွားရင် တစ်ဖက် တိုက်ခိုက်မှုတွေ ရှိတဲ့ အတွက် ပင်လယ်ထဲကို မဆင်းကြဘဲ နေခဲ့ကြရာကနေ ပင်လယ်ထဲကို လှေနဲ့ ဘယ်လိုထွက်မယ်၊ ငါးဘယ်လို ဖမ်းမယ်ဆိုတာကို မသိကြတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ငါးဖမ်းလှေတွေ၊ ပိုက်တွေ စီစဉ်ပေးပြီး သင်ပြမယ့်သူတွေကို ပေါက်တောမြို့နယ်က ခေါ်ယူပြီး အခု ငါးဖမ်းနိုင်အောင် စီစဉ် ပေးနေပါတယ်” ဟု ရခိုင်ပြည်နယ် အနောက်ဖက် ဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးချမ်းက ပြောကြားသည်။
..
မောင်တောဒေသတွင် ပုံမှန် လစာ တစ်သိန်းခွဲ၊ နှစ်သိန်းထိ ရရှိမည့် အလုပ်အကိုင် အခွင့်အလန်းရရှိမည်ဆိုပါက ရန်ကုန်ရောက် ရခိုင်အများအပြား မိမိဒေသသို့ ပြန်လာကြမည်ဖြစ်ကြောင်း လိူင်သာယာမှ လူမှုရေး ခေါင်းဆောင် ဦးလှဝင်းက ပြောသည်။
..
(မောင်တောဒေသမှ စီမံကိန်း လုပ်ငန်းခွင်တစ်ချို့/ ဓာတ်ပုံ- ARG)
..
Source : Narinjara

ရန္ကုန္လိူင္သာယာမွ ရခိုင္လူမ်ိဳးမ်ား ေမာင္ေတာေဒသတြင္ အေျခခ်ရန္ ထြက္ခြာ နိရဥၥရာ၊ ႏို၀င္ဘာ ၂၉ ရန္ကုန္တြင္ ေရာက္ရွိေနၾက…

Posted by Narinjara on Tuesday, November 28, 2017

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top