ပင်လယ်ရေအောက်ထဲမှာတွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်းအရာများ https://moethaukmyanmar.com/?p=3582

Screenshot_51-1.jpg

Zawgyi ဖြင့်ဖတ်ရန်


Submerged Stonehenge






Locomotives


Underwater Rivers


Spiders


A Japanese Monument


Bz

Unicode ဖြင့်ဖတ်ရန်

ပင်လယ်ရေအောက်ထဲမှာတွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်းအရာများ

ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်…
ပင်လယ်သမုဒ္ဒရာဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ အဲ့ဒီရေအောက်ထဲမှာပင်လယ်နေသတ္တဝါဆန်းတွေလည်း အများကြီးရှိသလိုတစ်ခါမှမမြင်ဖူးတဲ့လှပတဲ့ရေအောက်ကျောက်တန်းတွေလည်းရှိနိုင်ပါတယ်။ အန္တရာယ်လည်းများတဲ့ပင်လယ်ကြီးဖြစ်ပေမဲ့ထူးဆန်းထွေလာလေ့လာရှာဖွေသူတွေကတော့ လေ့လာဆဲရှာဖွေဆဲပါပဲ။အခု ရေအောက်ထဲကနေ ရှာဖွေတွေ့ရှိခဲ့ရတဲ့အရာတွေကိုပြောပြပေးချင်ပါတယ်။

Submerged Stonehenge

Stonehenge ကျောက်တိုင်လိုမျိုးရေအောက်မှာနစ်မြှုပ်နေတဲ့ကျောက်တိုင်တွေကိုမြောက်အမေရိကတိုက်ရဲ ့အကြီးဆုံးရေကန် ၅ခုထဲက Lake Michigan ကန်ရဲ ့အောက်ခြေမှာတွေ့ရှိခဲ့တာပါ။ အဲ့ဒီကျောက်တိုင်တွေအကြောင်းကိုလည်း ဘယ်သူကမှအတိအကျမသိကြပါဘူး။ တိုင်တစ်တိုင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ကျော်က တိရစ္ဆာန်တစ်ကောင်ရဲ ့ပုံနဲ့ဆင်တယ်လို့ပဲလေ့လာတွေ့ရှိခဲ့ရပါတယ်။

A Sculpture Park of Terror

ကာရေဘီယံပင်လယ်ရေအောက်ထဲကိုလေ့လာကြည့်မယ်ဆိုရင် ပင်လယ်အောက်ခြေမှာ ရုပ်ထုပေါင်း၅၀၀ကျော်ကိုမြင်တွေ့ရမှာပါ။ ရှေးဟောင်းသုတေသနလေ့လာသူတွေအတွက်လည်းလေ့လာစရာတွေ အများကြီးဖြစ်ခဲ့ပါတယ်။

An Ancient Drowned City

တရုတ်နိုင်ငံ၊Qiandao Lake ကန်ရဲ ့အောက်ခြေမှာရေအောက်မြို့တော်တစ်ခုကိုမြင်တွေ ့ခဲ့ရပါတယ်။ရေအောက်မြို့တော်ကနှစ်ပေါင်း ၁၃၀၀ကျော်ရှိနေပြီလို့လည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။

Locomotives

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ကျော်က တစ်နေရာမှတစ်နေရာကိုရွေ့ပြောင်းနိုင်တဲ့ရထားတွဲလိုစက်တစ်ခုကိုသမုဒ္ဒရာရဲ ့အောက်ခြေမှာတွေ့ရှိခဲ့ပါတယ်။အဲ့ဒီစက်က ဘယ်လိုလုပ်ပြီးရေအောက်ထဲကိုရောက်နေတာလဲဆိုတာတော့ ဘယ်သူမှမသိကြသေးပါဘူး။

Underwater Rivers

ရေသန့်နဲ့ရေဆိုးရေညစ်က အတူတူစီးဆင်းကြတာကိုကြားဖူးတယ်ဆိုရင်ရေအောက်ပင်လယ်ထဲမှာနောက်ထပ် စီးဆင်းနေတဲ့မြစ်တွေရှိတယ်ဆိုတာကိုလည်း သင်လက်ခံရပါမယ်။ရေအောက်ပင်လယ်ထဲမှာ လည်းနောက်ထပ်မြစ်ကြောင်းတွေ ရှိနေသေးတာကိုတွေ့ရှိခဲ့ရပါတယ်။

Spiders

ပင့်ကူတွေကိုလည်းသင်ရေအောက်ထဲမှာမြင်တွေ့နိုင်ပါတယ်။တစ်ချို့ပင်ကူမျိုးစိတ်တွေကသူတို့ရဲ ့ပင့်ကူအိမ်တွေနဲ့လေရှုသွင်းလို့ရအောင်ဖန်တီးပြီးရေအောက်ထဲမှာလည်းနေထိုင်ကြပါတယ်။ ရေအောက်ထဲကိုရေငုပ်မယ်ဆိုရင်ပင့်ကူတွေကိုလည်းသတိထားဖို့လိုပါတယ်။

A Japanese Monument

Yonaguni Monumentဆိုတဲ့ရေအောက်ကျောက်တိုင်တစ်ခုကို ဂျပန်နိုင်ငံRyukyu ကျွန်းအောက်မှာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီကျောက်တိုင်ကိုတော့ တစ်ချို့ကသဘာဝအတိုင်း ထူးခြားဆန်းကြယ်စွာဖြစ်နေတာလို့ယုံကြည်ထားကြပေမဲ့တစ်ချို့ကတော့ လူတွေဖန်တီးထားတာလို့ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရှေးဟောင်းအနုပညာလက်ရာတွေပေါ်ထွက် လာတာအားလုံးအတွက်ကောင်းမွန်ပါတယ်။

Bz

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top