ဒသဂီရိနဲ႔တိုက္ခုိက္ခဲ့တဲ့ ဒ႑ာရီလာငွက္ႀကီးကုိ ဂုဏ္ျပဳတည္ေဆာက္ထားတဲ့ ျပတုိက္ႀကီး

Screenshot_46-1.jpg

Zawgyi ျဖင့္ဖတ္ရန္

ဒသဂီရီလုိေျပာလုိက္တာနဲ႔ လူတုိင္း အခ်စ္႐ႈံးခဲ့ရတဲ့ ဦးေခါင္းဆယ္လုံးပါ ဘီလူးႀကီးလို႔ ေျပးျမင္ၾကပါလိမ့္မယ္။ ဒီဇာတ္လမ္းဟာ ေရွးေဟာင္းဟိႏၵဴေတြဆီကေန ဆင္းသက္လာတဲ့ ဇာတ္လမ္းျဖစ္ၿပီး၊ ဒသရဲ႕ မူလနာမည္ကေတာ့ ရာဝဏလုိ႔ ဆုိပါတယ္။ ရာမာယနဇာတ္္ေတာ္ဟာ ေနာက္ပုိင္းမွာ Version အမ်ိဳးမ်ိဳးကြဲၿပီး၊ ဘယ္ဟာက မူရင္း၊ ဘယ္ဟာက ေကာ္ပီဆုိတာေတာင္ ခြဲဖုိ႔ မလြယ္ေတာ့ဘူးလုိ႔ ဆုိပါတယ္။


အဲဒီရာမာယနဇာတ္ေတာ္ထဲမွာ ဒသဂီရိဘီလူးႀကီးနဲ႔ တုိက္ခုိက္ခဲ့တဲ့ ဇာတယုငွက္ႀကီးရဲ႕အေၾကာင္းလည္း ပါဝင္ပါတယ္။ ဇာတယုငွက္ႀကီးဟာ တန္ခုိးနဲ႔ခြန္အားႀကီးမားလြန္းလွတဲ့ ဒသလုိဘီလူးနဲ႔ ဘယ္လုိမွမယွဥ္ႏုိင္ဘဲ ေအာက္ကုိျပဳတ္ၾကၿပီး ေသေၾကခဲ့ရပါတယ္။ တစ္ခ်ိဳ႕ရာမာယနဇာတ္ေတာ္ေတြမွာေတာ့ ဒီအေၾကာင္းပါဝင္ျခင္းမရွိဘဲ၊ အိႏၵိယမွာေတာင္ ဒီအေၾကာင္းပါတဲ့မူနဲ႔ မပါတဲ့မူ ဆုိၿပီး (၂)မ်ဳိးကြဲေနတယ္လုိ႔ ဆုိပါတယ္။


မည္သုိ႔ပင္ဆုိေစကာမူ အဲဒီဇာတယုငွက္မင္းႀကီးရဲ႕ ေနာက္ဆုံးက်ဆုံးသြားတဲ့ပုံကုိ ဂုဏ္ျပဳေဖာ္က်ဴးထားတဲ့ ႐ုပ္တုႀကီးကို အခုအခါမွာ အမ်ားျပည္သူေလ့လာႏုိင္တဲ့ ေနရာတစ္ခုအျဖစ္ အိႏၵိယအစိုးရက ဖြင့္လွစ္ေပးခဲ့ပါတယ္။ ေနရာကေတာ့ ကီရာလာျပည္နယ္၊ M.C လမ္းမႀကီးအနီး၊ Chadayamangalam ၿမိဳ႕နဲ႔မလွမ္းမကမ္းမွာ ျဖစ္ပါတယ္။
ဇာတယုငွက္ႀကီးကို ဂုဏ္ျပဳထားတာမုိ႔ Jatayu Nature Park လုိ႔ အမည္ေပးထားၿပီး၊ လက္ရာကလည္း ေကာင္းလြန္းလုိ႔ ဒသဂီရိနဲ႔တုိက္ခုိက္ခဲ့တဲ့ ျပကြက္ႀကီးကုိေတာင္ ျပန္ၿပီးျမင္ေယာင္ေနရသလုိပါဘဲ။ ငွက္ႀကီးဟာ ပက္လက္လန္လွ်က္ အေနအထားျဖစ္ၿပီး၊ ေအာက္မွာေတာ့ အခန္းေတြဖြဲ႕ထားတဲ့ ျပတုိက္ပုံစံကုိလည္း ထည့္သြင္းတည္ေဆာက္ထားပါတယ္။
Jatayu Nature Park ဟာ (၆၅)ဧက က်ယ္ဝန္းၿပီး ပုဂၢိလကပိုင္ဆုိင္တဲ့ေနရာပါ။ အဲဒီပန္းၿခံမွာ ႀကဳိးတံတား၊ Cable Car ဝန္ေဆာင္မႈေတြ ပါ၀င္ၿပီး၊ ျမားပစ္ေလ့က်င္ခန္း၊ ေသနတ္ပစ္၊ ေတာင္တက္စတဲ့ အားကစားနည္းမ်ိဳးစုံး အမ်ိဳး(၂၀)ေက်ာ္လည္း ပါဝင္ပါတယ္။ စတင္ဖြင့္လွစ္စဥ္ကတည္းက ခရီးသြားေပါင္း ေသာင္းခ်ီ လာေရာက္လည္ပတ္ရာ ေနရာတစ္ခု ျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။
SM

Unicode ဖြင့်ဖတ်ရန်

ဒသဂီရိနဲ့တိုက်ခိုက်ခဲ့တဲ့ ဒဏ္ဍာရီလာငှက်ကြီးကို ဂုဏ်ပြုတည်ဆောက်ထားတဲ့ ပြတိုက်ကြီး

ဒသဂီရီလိုပြောလိုက်တာနဲ့ လူတိုင်း အချစ်ရှုံးခဲ့ရတဲ့ ဦးခေါင်းဆယ်လုံးပါ ဘီလူးကြီးလို့ ပြေးမြင်ကြပါလိမ့်မယ်။ ဒီဇာတ်လမ်းဟာ ရှေးဟောင်းဟိန္ဒူတွေဆီကနေ ဆင်းသက်လာတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒသရဲ့ မူလနာမည်ကတော့ ရာဝဏလို့ ဆိုပါတယ်။ ရာမာယနဇာတ််တော်ဟာ နောက်ပိုင်းမှာ Version အမျိုးမျိုးကွဲပြီး၊ ဘယ်ဟာက မူရင်း၊ ဘယ်ဟာက ကော်ပီဆိုတာတောင် ခွဲဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။
အဲဒီရာမာယနဇာတ်တော်ထဲမှာ ဒသဂီရိဘီလူးကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဇာတယုငှက်ကြီးရဲ့အကြောင်းလည်း ပါဝင်ပါတယ်။ ဇာတယုငှက်ကြီးဟာ တန်ခိုးနဲ့ခွန်အားကြီးမားလွန်းလှတဲ့ ဒသလိုဘီလူးနဲ့ ဘယ်လိုမှမယှဉ်နိုင်ဘဲ အောက်ကိုပြုတ်ကြပြီး သေကြေခဲ့ရပါတယ်။ တစ်ချို့ရာမာယနဇာတ်တော်တွေမှာတော့ ဒီအကြောင်းပါဝင်ခြင်းမရှိဘဲ၊ အိန္ဒိယမှာတောင် ဒီအကြောင်းပါတဲ့မူနဲ့ မပါတဲ့မူ ဆိုပြီး (၂)မျိုးကွဲနေတယ်လို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အဲဒီဇာတယုငှက်မင်းကြီးရဲ့ နောက်ဆုံးကျဆုံးသွားတဲ့ပုံကို ဂုဏ်ပြုဖော်ကျူးထားတဲ့ ရုပ်တုကြီးကို အခုအခါမှာ အများပြည်သူလေ့လာနိုင်တဲ့ နေရာတစ်ခုအဖြစ် အိန္ဒိယအစိုးရက ဖွင့်လှစ်ပေးခဲ့ပါတယ်။ နေရာကတော့ ကီရာလာပြည်နယ်၊ M.C လမ်းမကြီးအနီး၊ Chadayamangalam မြို့နဲ့မလှမ်းမကမ်းမှာ ဖြစ်ပါတယ်။
ဇာတယုငှက်ကြီးကို ဂုဏ်ပြုထားတာမို့ Jatayu Nature Park လို့ အမည်ပေးထားပြီး၊ လက်ရာကလည်း ကောင်းလွန်းလို့ ဒသဂီရိနဲ့တိုက်ခိုက်ခဲ့တဲ့ ပြကွက်ကြီးကိုတောင် ပြန်ပြီးမြင်ယောင်နေရသလိုပါဘဲ။ ငှက်ကြီးဟာ ပက်လက်လန်လျှက် အနေအထားဖြစ်ပြီး၊ အောက်မှာတော့ အခန်းတွေဖွဲ့ထားတဲ့ ပြတိုက်ပုံစံကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။
Jatayu Nature Park ဟာ (၆၅)ဧက ကျယ်ဝန်းပြီး ပုဂ္ဂိလကပိုင်ဆိုင်တဲ့နေရာပါ။ အဲဒီပန်းခြံမှာ ကြိုးတံတား၊ Cable Car ဝန်ဆောင်မှုတွေ ပါ၀င်ပြီး၊ မြားပစ်လေ့ကျင်ခန်း၊ သေနတ်ပစ်၊ တောင်တက်စတဲ့ အားကစားနည်းမျိုးစုံး အမျိုး(၂၀)ကျော်လည်း ပါဝင်ပါတယ်။ စတင်ဖွင့်လှစ်စဉ်ကတည်းက ခရီးသွားပေါင်း သောင်းချီ လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
SM

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top